အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Mg Seit
Mg Seit 14
လွန်ခဲ့သော ၃ နာရီ က · ပန်းတနော်

အပေါ်မြေဆီလွှာလက်မဝက်ကအရပ်ခေါ်ဖွတ်ချီးမြေ အောက်အလွှာကမြေစေးပါမတ်ပဲစိုက်တာသိပ်အဆင်မပြေဘူးပန်းပွင့်ခါနီးအပင်က‌ခြောက်သွားတယ် ဘယ်လိုပြုပြင်ရပါသလဲ အရင်ကမတ်ပဲမစိုက်ဘူးတနှစ်နှစ်နှစ်ပဲစိုက်ကြည့်ရသေးတယ် ဒီကလူတွေကမပဲအပင်မစွဲချင်သေးဘူး နှစ်တိုင်းကြဲမှနောက်ဆိုအဆင်ပြေမယ်ပြောတယ်ပဲမြစ်ဖုနဲ့ဆိုင်တာလားဆရာ

မြေဆီလွှာ မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 412,925 လွန်ခဲ့သော ၂ နာရီ က

@Mg Seit မတ်ပဲစိုက်ပျိုးရာတွင် ပန်းပွင့်ခါနီး အပင်ခြောက်ခြင်းသည် မြေအသစ်ဖြစ်၍ လေထုနိုက်ထရိုဂျင်ကို ဖမ်းယူပေးမည့် ပဲမြစ်ဖုဘက်တီးရီးယား (Rhizobium) များ မြေဆီလွှာတွင် အလုံအလောက် မရှိသေးခြင်းနှင့် တိုက်ရိုက်သက်ဆိုင်ပါတယ်။ အပင်သည် အာဟာရနှင့် ခုခံအားနည်းချိန်တွင် မြေဆောင်မှိုရောဂါ (အမြစ်ပုပ်/ပင်စည်ပုပ်မှို) တိုက်ခိုက်ခံရခြင်းကြောင့် ခြောက်သေရခြင်း ဖြစ်ပါတယ်။ ဒေသခံများပြောသကဲ့သို့ နှစ်တိုင်းစိုက်ပါက ပဲမြစ်ဖုပိုးများ သဘာဝအတိုင်း ပွားများလာနိုင်သော်လည်း၊ ပိုမိုမြန်ဆန်ထိရောက်စေရန် နောက်ရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရိုင်ဇိုဘီယံဇီဝပဲမြစ်ဖုထုပ် ဝယ်ယူ၍ မျိုးစေ့လူးနယ်စိုက်ပျိုးခြင်း၊ မှိုသတ်ဆေး (သို့) ထရိုင်ကိုဒါးမားအကျိုးပြုမှိုဖြင့် မြေပြင်/မျိုးစေ့လူးနယ်ခြင်းနှင့် ရေဝပ်ခြင်းမရှိအောင် စနစ်တကျ ရေထုတ်မြောင်းဖော်ခြင်းတို့ဖြင့် ပြုပြင်နိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။