အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Sai Kaung Myat Kyaw Kyaw
လွန်ခဲ့သော ၃၆ မိနစ် က · ပင်လည်ဘူး

စပါးကြီးထွားမှုအဆင့်ကို Vegetative Phase Reproductive Phase Ripening Phase ဆိုပြီး ၃မျိုးရှိတယ်လို့ သိထားပါတယ် Vegetative Phase မှာဖွံ့ဖြိုးမှုအဆင့်ခွဲတွေ ဘယ်နှဆင့်ရှိပါသလဲ Reproductive Phase မှာဖွံ့ဖြိုးမှုအဆင့်ခွဲတွေ ဘယ်နှဆင့်ရှိပါသလဲ Ripening Phase မှာဖွံ့ဖြိုးမှုအဆင့်ခွဲတွေ ဘယ်နှဆင့်ရှိပါသလဲ အဆင့်ခွဲ တွေအကြောင်း အသေးစိတ် ဖြေပေးပါလားဗျာ

စိုက်ပျိုး ဗဟုသုတ စပါး

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 423,153 လွန်ခဲ့သော ၃ မိနစ် က

@Sai Kaung Myat Kyaw Kyaw နိုင်ငံတကာစပါးသုတေသနအဖွဲ့ (IRRI) ၏ သတ်မှတ်ချက်အရ စပါးပင်တစ်ပင်လုံး၏ ကြီးထွားမှုဖြစ်စဉ်တွင် စုစုပေါင်း အဆင့်ခွဲ (၁၀) ဆင့် (Stage 0 မှ 9 ထိ) ရှိပါတယ်။ ပထမဦးဆုံးဖြစ်သော ပင်ပိုင်းကြီးထွားသည့်အဆင့် (Vegetative Phase) တွင် မျိုးစေ့အညှောက်ပေါက်ခြင်း၊ ပျိုးပင်ဘဝ၊ ပင်ပွားထွက်ခြင်းနှင့် ပင်စည်ရှည်ထွက် ခြင်းဟူ၍ အဆင့်ခွဲ (၄) ဆင့် ရှိပါတယ်။ ဒုတိယဖြစ်သော မျိုးပွားသည့်အဆင့် (Reproductive Phase) တွင် စပါးနှံသန္ဓေတည်၍ မှို့ကပ်ခြင်း၊ အနှံထွက်ခြင်းနှင့် ပန်းပွင့်စပ်ယှက်ခြင်း - စပါးပွင့်ကလေးများပွင့်ပြီး ဝတ်မှုံကူးစပ်ယှက်ကာ သန္ဓေအောင်သည့် အဆင့်ဖြစ်ပါတယ် (များသောအားဖြင့် မနက်ပိုင်းအချိန်တွင် အပွင့်များ ပွင့်တတ်ကြပါတယ်)ဟူ၍ အဆင့်ခွဲ (၃) ဆင့် ရှိပါတယ်။ တတိယဖြစ်သော စပါးနှံရင့်မှည့်သည့်အဆင့် တွင် နို့ရည်တည်ခြင်း၊ စပါးစေ့အတွင်းရှိ နို့ရည်များ တဖြည်းဖြည်း ခမ်းခြောက်လာပြီး မာသောအဆင့်သို့ ကူးပြောင်းလာသည့် အဆင့်နှင့် စပါးနှံဝင်းမှည့်ခြင်းဟူ၍ အဆင့်ခွဲ (၃) ဆင့် အသီးသီး ရှိကြပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၁၁၀ရက်သားပုံပါအတိုင်းစပါးစေ့ကွဲပြီးဝတ်ဆံထွက်တာအဟာရကြောင့်လားပိုးမွှားကြောင့်လားခဗျာ

ဖြေကြားချက် 2 ခု

ဧရာပဒေသာ၁၀၇ရက်သားအနှံထွက်စပြုပါပြီပုလဲသီးသန့်ကျွေးသင့်လားဆာလ်ဖာပုလဲပဲကျွေးသင့်လားခဗျ၁လသားမှာ၁၆ပတ်လည်နဲ့ပုလဲ...

ဖြေကြားချက် 2 ခု

အစိမ်းရောင်လမ်း Appသုံးစွဲရတာအဆင်ပြေကြလားခင်ဗျာ၊ ကျွန်တော်‌ကတော့ Appဖျက်လိုက်၊ အကောင့်ပြန်ဝင်ပြီးသုံးလိုက်ရ...

ဖြေကြားချက် 1 ခု

အခုလာမယ့်ဆောင်းစပါးမှာ ရက်ကိုးဆယ် ထည့်ချင်တယ် နဲနဲ နောက်ကျမှာ ဖစ်တဲ့အတွက် ကြက်သန်းပိုးကျတယ် အဲ့တာ ဘာဆေးဖျန်းရမ...

ဖြေကြားချက် 5 ခု

စပါးပင်များနွားသေးဖြန်းရင်ကောင်းမလားဆရာတဖက်ကလဲမြေဩဇာထည့်မှာပေါ့။

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။