ဖြေကြားချက် ၁ ခု
@ဖြိုးဝေစိုး ပွင့်ထွေးပိုးသည် အရွက်နှင့် အပွင့်များကို ချည်မျှင်ဖြင့် ထွေးပတ်၍ ပုန်းအောင်းကိုက်စားတတ်သဖြင့် ပိုးသတ်ဆေးဖျန်းရာတွင် အကာအကွယ်ထဲသို့ ဆေးရည်စိမ့်ဝင်ရန် ဆေးစွဲကပ်စေး မဖြစ်မနေ ထည့်သွင်းရပါမယ်။ ဆေးဖျန်းရာ၌ ဖျက်ပိုးများ အကာအကွယ်ပြင်ပသို့ ထွက်လာတတ်သော မနက်စောစော သို့မဟုတ် ညနေစောင်းအချိန် ကို ရွေးချယ်ရပါမယ်။စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ပိုးနှိမ်နင်းရန်အတွက် Indoxacarb (အင်ဒေါက်ဆာကပ်)၊ Chlorantraniliprole (ကလိုရန်ထရန်နီလီပရိုး) သို့မဟုတ် Emamectin benzoate (အမာမက်တင် ဘန်ဇိုအိတ် အစွမ်းရှိပစ္စည်း ပါဝင်သော ပိုးသတ်ဆေးများကို ဆေးအုပ်စု လဲလှယ်၍ Dimethoate (ဒိုင်မီသိုအိတ်) သို့မဟုတ် Acephate (အဆီဖိတ်) ကဲ့သို့သော ပင်လုံးပြန့်ဆေးများဖြင့် တွဲဖက် အသုံးပြုလေ့ရှိတယ်။အရွက်နှင့် အပွင့်များ ထွေးပြီးသွားပါက ပိုးသတ်ဆေး အာနိသင်ထိရောက်မှု နည်းသွားတတ်သဖြင့် လောက်ကောင်ငယ် စတင်တွေ့ရှိသည်နှင့် ချက်ချင်း ဆေးဖျန်းရပါမယ်။ လိပ်ပြာဖလံအုပ်စုဝင် ဖျက်ပိုးဖြစ်၍ ခင်းလုံးအနှံ့ လိပ်ပြာဖလံများ ကျရောက်မှုကို ကြိုတင်ထောက်လှမ်းရန်နှင့် ဖလံကောင်ကြီးများကို နှိမ်နင်းရန် အလင်းထောင်ချောက် (မီးထောင်ချောက်) များသုံးစွဲလေ့ရှိတယ် ပဲခင်းအတွင်းရှိ ပင်ကြွင်းပင်ကျန်များနှင့် အမှိုက်သရိုက်များကို ရှင်းလင်းဖယ်ရှားပြီး ပိုးရုပ်ဖုံးများ ခိုအောင်းမှုကို ဖျက်ဆီးလေ့ရှိပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
တိုင်ထောင်ပဲမှာအသီးညှာမှာ-နီညိုရောင်ဖြစ်ပြီးချောက်သွားတယ်အသီးလဲပုတ်တယ်မိူဖြူလေးတက်နေတယ်အရွက်မှာလဲ-နီညိုအစက်တွေ...
ဖြေကြားချက် 1 ခု
ဘာမှိုမျိုးလဲ ဖျူစေရီယမ်လား အမြစ်ပုတ်တာလား သိချင်ပါတယ် အပင်ငယ်လဲသေတယ် အပင်ကြီးလဲသေတယ် တစ်တန်းမှာ၁၀ပင်လောက်
ဖြေကြားချက် 2 ခု
ပဲတောင်ရှည်အပင်များဘာရောဂါဖြစ်လိုလိုက်သေတာလဲမသိဘူးဗျဘာဆေးများဖြန်ရမလဲ
ဖြေကြားချက် 1 ခု
ပဲတောင့်ရှည် က အပွင့်တွေကြွေနေပါတယ် ရောဂါနဲ့ ဆေးအသုံးပြုပုံဖြေကြားပေးပါခင်ဗျာ🙏
ဖြေကြားချက် 1 ခု
ပဲတောင့်ရှည်ပင်ရဲ့အရွက်တွေမှာ ဒီလိုတွေ၀ါလာတာ ဘာဆေးသုံးရမလဲရှင်
ဖြေကြားချက် 2 ခု