ဖြေကြားချက် ၂ ခု
@Ei Ei Phway စပါးပင်များ အနှံမစုံတက်သေးမီ လဲကျပါက အပင်၏ ဆဲလ်ကြီးထွားမှုအရ အပေါ်သို့ အနည်းငယ် ပြန်လည်ကော့ညွတ်ထောင်လာနိုင်စွမ်း ရှိသော်လည်း မတ်မတ်ပြန်ဖြစ်ရန် ခဲယဉ်းပါတယ်။ စပါးပင်လဲရုံဖြင့် လုံးဝမပျက်စီးနိုင်သော်လည်း လဲကျပြီးနောက် ရေမြုပ်နေပါက အစေ့အပင်ပေါက်ခြင်း၊ အနှံပုပ်ခြင်းနှင့် မှိုရောဂါများကြောင့် အထွက်နှုန်းနှင့် အရည်အသွေး သိသိသာသာ ထိခိုက်ပျက်စီးနိုင်ပါတယ်။ ထို့ကြောင့် လက်ရှိအခြေအနေတွင် စပါးခင်းအတွင်းရှိ ဝပ်နေသော ရေများကို အမြန်ဆုံးနုတ်ထုတ်ရန် အရေးကြီးဆုံးဖြစ်ပြီး၊ လိုအပ်ပါက အပင်များကို စုစည်းဒေါက်ထောက်ပေးခြင်းနှင့် မှိုရောဂါကာကွယ်ဆေး ပက်ဖျန်းပေးခြင်းတို့ကို လုပ်ဆောင်ရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
စပါးအသက်ရက်ဆိုတာ (၁)စပါးမျိုးစေ့အညှောင့်ပေါက်တဲ့ရက်ကနေ စပါးမှည့်လို့ရိတ်သိမ်းလို့ရတဲ့အချိန်ထိကို ခေါ်တာလား ဒါ...
ဖြေကြားချက် 1 ခု
စပါးဈေး
ဖြေကြားချက် 1 ခု
ဒီ၂၀၂၆ ခုနှစ်မှာ စပါးတွေဘာကြောင့် အထွက်လျော့နည်းတာတွေဖြစ်နေကြလဲ ဘာကြောင့်ဒီလိုဖြစ်နေလဲ သိရင်ဖြေပေးပါဦး။
ဖြေကြားချက် 1 ခု
မိုးကြောင့်စပါးပင်တွေကလဲနေပါတယ်အနှံကမစုံတက်သေးပါဘူး ပျက်စီးနိုင်ပါလား အပင်တွေကပြန်လည်ထောင်နိုင်ပါလား
ဖြေကြားချက် 0 ခု
ဆင်းသုခစပါးစိုက်ခင်းကိုမြေဩဇာဘယ်လိုကြွေးရမလဲဆရာ။
ဖြေကြားချက် 3 ခု