ဖြေကြားချက် ၂ ခု
မြေကြီးအနေထားကဘောင်တွေတော့ပျက်မသွားဘူးဗျ ညှပ် ဖိနပ်နဲ့သွားလို့ရသေးတဲ့အနေထားပါ ပျိုးပင်တွေလဲရှည်နေပြီမို့ မိုးကာမပါဘဲတန်းစိုက်လို့ အဆင်ပြေလောက်လားဆရာ
@Lin Nyunt Oo ဖရဲဘောင်ဆွဲပြီး မိုးမိသွားပါက မိုးရွာသွန်းမှု ပမာဏနှင့် မြေဆီလွှာ အခြေအနေပေါ် မူတည်၍ ဆုံးဖြတ်ရပါမယ်။ မိုးရွာရုံတင်ရွာပြီး မြေသားမပျက်ဘဲ အစိုဓာတ် အသင့်အတင့်သာ ရှိပါက ထယ်ပြန်လှန်ရန် မလိုဘဲ အပေါ်ယံမြေကို အနည်းငယ် ဆွပေးကာ ဆက်လက် စိုက်ပျိုးနိုင်ပါတယ်။ သို့သော် မိုးသည်းထန်စွာရွာပြီး မြေကြီး ရွှဲနစ်ကာ ဘောင်များ ပြိုပျက်သွားပါက ယခုအတိုင်း စိုက်လျှင် အမြစ်ပုပ်ခြင်းနှင့် မှိုရောဂါများ ကျရောက်နိုင်သဖြင့် မြေအနည်းငယ် ခြောက်သွေ့သည်အထိ စောင့်ဆိုင်းပြီးမှ ထယ်ပြန်လှန်ကာ နေ (၃) ရက်မှ (၅) ရက်ခန့် သေချာ ပြန်လှန်းပေးသင့်ပါတယ်။ ဘောင်အသစ် ပြန်ဆွဲသည့်အခါ မြေခံတွင် ထရိုင်ကိုဒါးမားမှို ထည့်သွင်းပေးခြင်းဖြင့် မြေအောင်းမှိုရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဖရဲ စိုက်ပျိုးရန် မြေဆီလွာကို ဘယ်လို ပြုပြင်ရမလဲ စိုက်ပျိုးနည်း ပုံစံလည်း သိချင်ပါတယ်။
ဖြေကြားချက် 1 ခု
ဖရဲရွက်တွေကဝါတာတာလိုဖြစ်နေလို့
ဖြေကြားချက် 1 ခု
ဖရဲအရွက်တွေမှာပိုးမကျပဲအဲ့အတိုင်းတွေ့နေလို့ပါ ရှင်းပြပေးပါဦး
ဖြေကြားချက် 1 ခု
မိုးဖရဲက ဘယ်နှရက်သားဆိုခူးလို့ရပီလည်း
ဖြေကြားချက် 1 ခု
ဖရဲသီးရွက်က ခြောက်နေတယ်ဘာဆေးဖျန်းရမလဲ
ဖြေကြားချက် 3 ခု