အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Mr.Kenn
Mr.Kenn 6
လွန်ခဲ့သော ၃ နာရီ က · ဖေါင်းပြင်

ယခုအဖြစ်များနေတဲ့ သင်္ဘောပင်ရောဂါအ​ကြောင်း မျှဝေပေးပါအုန်း ဆရာတို့ ကာကွယ်ကုသနိူင်သလား။ ဘယ် Ai တွေနဲ့ ထိန်းချုပ်နိူင်သလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည် အရွက်
ပိုးမွှားရောဂါ သင်္ဘော
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 442,940 လွန်ခဲ့သော ၃ နာရီ က

@Mr.Kenn ပုံတွင်တွေ့ရသည့် သင်္ဘောရွက်များ ကျုံ့တွန့်ခြင်းနှင့် အဝါရောင်ကွက်ကြား ဖြစ်ခြင်းတို့သည် Papaya Mosaic Virus (သင်္ဘောဗိုင်းရပ်စ်ရောဂါ) ကြောင့် ဖြစ်ပါတယ်။ ဤဗိုင်းရပ်စ်ရောဂါသည် အပင်တွင်း ကူးစက်ခံရပြီးပါက တိုက်ရိုက်အမြစ်ပြတ် ကုသနိုင်သည့် ဆေးဝါးမရှိသော်လည်း ရောဂါသယ်ဆောင်ပေးသည့် ပျပိုးနှင့် ယင်ဖြူများကို ထိန်းချုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ထိုစုပ်စားပိုးများကို နှိမ်နင်းရန်စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ Imidacloprid (အီမီဒါကလိုပရစ်)၊ Acetamiprid (အဆီတာမီပရစ်) သို့မဟုတ် Spirotetramat (စပိုင်ရိုတက်ထရာမတ်) ကဲ့သို့သော ပင်လုံးပျံ့ပိုးသတ်ဆေး (Active Ingredients - AI) များကို တစ်လှည့်စီ လဲလှယ်ဖြန်းပေး သုံးစွဲလေ့ရှိတယ်။ ထို့ပြင် အခြားအပင်များဆီ မကူးစက်စေရန် ရောဂါရအပင်ကို ချက်ချင်းနှုတ်ယူ မီးရှို့ဖျက်ဆီးခြင်းနှင့် စိုက်ခင်းအတွင်း ပေါင်းမြက်ရှင်းလင်းခြင်းတို့ကိုပါ ပူးတွဲလုပ်ဆောင်ပေးရပါမယ်။ရောဂါရအပင်ကို ကိုင်တွယ်ထားသော ဓား၊ ကတ်ကြေး စသည့် စိုက်ပျိုးရေးသုံးကိရိယာများကို အခြားအပင်များ မကိုင်တွယ်မီ ပိုးသတ်ဆေးရည် (သို့) အရက်ပြန်ဖြင့် သေချာဆေးကြောပြီးမှပြန်လည်သုံးရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။