မြေပဲ ပိုဥပြီးပိုထွက်အောင် ဘာအားဆေးတွေ သုံးသင့်လဲ လမ်းညွှန်ပေးကြပါဦးဗျ၊....
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၃၅ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- အသင့်တင့် နေသာ
@Ye Yint Aung မြေပဲပင် ပိုဥပြီး အဆန်အောင်စေရန်အတွက် အပင်သက်တမ်းအလိုက် အာဟာရကို စနစ်တကျ ကျွေးမွေးရန် လိုအပ်ပါတယ်။ အပင်ငယ်စဉ် (၂၀-၂၅ ရက်သား) တွင် NPK အချိုးညီ ရွက်ဖျန်းအားဆေးကို သုံးစွဲသင့်ပြီး၊ ပန်းပွင့်ချိန်နှင့် စွယ်ဆင်းချိန် (၃၀-၄၅ ရက်သား) တွင်မူ အပွင့်အားကောင်းပြီး စွယ်များများဆင်းစေရန် ဖော့စဖရပ်စ်နှင့် ဘိုရွန်ပါဝင်သော အားဆေး (ဥပမာ- 10:52:10 သို့မဟုတ် ကယ်လ်စီယမ်၊ဘိုရွန်ပါ အားဆေး) ကို ပက်ဖျန်းပေးရပါမယ်။ ထို့အပြင် အခွံချည်းသက်သက် မဖြစ်စေဘဲ အဆန်ပြည့်တင်းစေရန် စွယ်စဆင်းချိန်တွင် အပင်ခြေရင်း၌ ဂျစ်ပဆမ် (Gypsum) ကျောက်မှုန့်ကို ဖြူးပေးရန် အလွန်အရေးကြီးပါတယ်။ အသီးရင့်မှည့်ချိန် (၅၀-၆၅ ရက်သား) တွင် ပိုတက်စီယမ် မြင့်မားသော အားဆေး (ဥပမာ- 0:0:50) ကို ဖျန်းပေးခြင်းဖြင့် အလေးချိန်စီးစေမည်ဖြစ်ပြီး၊ အရွက်သာ ထောင်တက်ကာ ဥမဆင်းခြင်းမှ ကာကွယ်ရန် ပုလဲ (နိုက်ထရိုဂျင်) အားဆေးများကို အလွန်အကျွံ မသုံးမိစေရန် အထူးသတိပြုရပါမယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
မြေပဲအပင် ၁၄ရက်သားပါ ဘာရောဂါပိုးကျရောက်နေတာလည်းရှင့် ပြီးတော့ဘာဆေးဖျန်းရမလည်းရှင့်
ဖြေကြားချက် 1 ခု
ဒီဆေးကို မြေပဲခင်းမှာ ကြိုတင်ကာကွယ်တဲ့ပိုးသတ်ဆေးအနေနဲ့သုံးလို့ရလားရှင့် ရရင်ဆေးတစ်ပုံး(၂၀လီတာဝင်)ကိုပမာဏဘယ်...
ဖြေကြားချက် 6 ခု
ထရိုင်ကိုဒါးမားဆေးထုပ်ဝယ်ယူရရှိနိုင်မည့်မန်းလေးမြို့တွင်လိပ်စာလေးသိချင်လိုပါခင်ဗျ ကျေးဇူးပြု၍ဖြေကြားပေးပါ
ဖြေကြားချက် 1 ခု
ပိုးသတ်ဆေးက အပင်လောင်နိင်ပါသလား အဲလို ဖြစ်သွားလို့ပါ
ဖြေကြားချက် 2 ခု
ထပ်ဆင့်ပွားနဲ့ နွားသေး ရောဖြန်းလို့ ရပါသလား ခင်ဗျာ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။