အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U HTUN KYING
လွန်ခဲ့သော ၁ နာရီ က · လေးမျက်နှာ

ပဲပုပ်တွေ အသီးမတင် အပွင့်မပွင့်ဘဲဖြစ်နေလို့ ဘာလုပ်ရင်ကောင်းပ့မလဲဗျ

ပိုးမွှားရောဂါ ပဲပုပ်

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 456,391 လွန်ခဲ့သော ၃၈ မိနစ် က

@U HTUN KYING ပဲပုပ်ပင်များ အပွင့်မပွင့်ဘဲ အသီးမတင်ရခြင်းမှာ မြေဆီလွှာတွင် နိုက်ထရိုဂျင် (ပုလဲ) ဓာတ် များလွန်းသဖြင့် အပင်က အရွက်နှင့် ပင်စည်ကြီးထွားမှုကိုသာ အားပေးနေခြင်း၊ စိုက်ပျိုးချိန်နှင့် မျိုးရွေးချယ်မှု လွဲမှားခြင်း၊ သို့မဟုတ် အပွင့်အားပေး အာဟာရများဖြစ်သည့် ဖော့စဖရပ်၊ ပိုတက်စီယမ်နှင့် ဘိုရွန် (Boron) ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ ထို့ကြောင့် အပင်များ အရွက်ပိုင်းအပင်ပိုင်းသန်မာလွန်းနေပါက နိုက်ထရိုဂျင်ရွက်ဖျန်း အား ဆေးဖျန်းခြင်းနှင့် ရေသွင်းခြင်းကို ခေတ္တရပ်တန့်ထားသင့်ပါတယ်။ ထို့နောက် အပွင့်ပွင့်စေရန် လှုံ့ဆော်ပေးသည့် ဖော့စဖရပ်နှင့် ပိုတက်စီယမ် အချိုးများသော ရွက်ဖျန်းဆေး (ဥပမာ- 0-52-34) နှင့် ကယ်လ်စီယမ်၊ဘိုရွန်အာဟာရ ရွက်ဖျန်း အားဆေးကို ရောစပ်ဖျန်းပေးခြင်းဖြင့် အပွင့်နှင့် အသီးတင်နှုန်းကို ပြန်လည်ကောင်းမွန်စေနိုင်ပါလိမ့်မယ်။အဖူးအညွန့်များကို ဖျက်ဆီးတတ်သော ပိုးမွှားများ (ဥပမာ- လှေးပိုး၊ ရွက်လိပ်ပိုး) နှင့် ဗိုင်းရပ်စ်ရောဂါ လက္ခဏာများ ရှိမရှိ စစ်ဆေးပြီး လိုအပ်ပါက သင့်တော်သော ပိုးသတ်ဆေး အသုံးပြုရပါမယ်။ ပိုး၊ရောဂါမကျဘူးဆိုရင်တော့ အထ်ြပါအားဆေးများဖျန်းပေးပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။