အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung Myint Mo
လွန်ခဲ့သော ၃ နာရီ က · အုတ်ဖို

မိုးတွေ က မြေကြီး ခြောက်ခါနီးရင် ပြန်ပြန်ရွာနေလို့ မတ်ပဲ/ပဲတီစိမ်းက ရာသီ မမှီရင် ပဲ မကောင်းဘူးလို့ ပြောလို့ ဟုတ်လားပြ တန်ဆောင်မုန်းလမှ အမှီ မစိုက်နိုင်ရင် ပဲမဖြစ်ထွန်းတော့ဘူးပြောတယ် ဟုတ်တယ်ဆိုလဲ ဘယ်လို မျိုး လုပ်သင့်တယ် အကြံဉာဏ်လေး ပေးကြပါအုန်း

မြေဆီလွှာ မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 459,128 လွန်ခဲ့သော ၁ နာရီ က

@Aung Myint Mo မိုးမကြာခဏ ရွာသွန်းနေ၍ တန်ဆောင်မုန်းလအတွင်း မစိုက်ပျိုးနိုင်ပါက မတ်ပဲနှင့် ပဲတီစိမ်း အထွက်နှုန်း အနည်းငယ် လျော့ကျနိုင်သော်လည်း စိုက်ပျိုး၍ မရတော့သည်အထိ မဟုတ်ပါဘူး။ နတ်တော်လထဲ ရောက်မှ စိုက်ပျိုးပါက ဆောင်းတွင်းအအေးဒဏ်မိ၍ အပင်ငယ်စဉ်မှာပင် စောစီးစွာ ပန်းပွင့်ခြင်းနှင့် အသီးတောင့် ရင့်မှည့်ချိန်တွင် မြေတွင်းအစိုဓာတ် ခန်းခြောက်ခြင်းတို့ကို ကြုံတွေ့ရတတ်လို့ပါ။ ထို့ကြောင့် မြေခြောက်အောင် စောင့်မနေတော့ဘဲ စပါးရိတ်ပြီးစ မြေအစိုဓာတ် ရှိနေချိန်တွင် ထွန်မမွှေဘဲ တိုက်ရိုက် ခုတ်ဖုံးကြဲပက်စိုက်ပျိုးခြင်းကို အသုံးပြုသင့်ပါတယ်။ ထို့အပြင် ရက် ၆၅ မှ ၇၅ ရက်အတွင်း ရိတ်သိမ်းနိုင်သော ရေဆင်း-၂၊ ရေဆင်း-၃ မတ်ပဲမျိုးများ သို့မဟုတ် ရေဆင်း-၉၊ ရေဆင်း-၁၁၊ ရေဆင်း-၁၄ ပဲတီစိမ်း သက်တမ်းတိုမျိုးများကို ရွေးချယ်ပြီး ပုံမှန်ထက် မျိုးစေ့နှုန်းထား ၂၀ မှ ၂၅ ရာခိုင်နှုန်းခန့် ပိုမိုကြဲပက် စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကို ထိန်းထားနိုင်ပါလိမ့်မယ်။မျိုးစေ့မကြဲမီ ပဲမြစ်ဖုဇီဝမြေဩဇာနှင့် လူးနယ်စိုက်ပျိုးပေးပါက အပင်ငယ်စဉ် ကြီးထွားမှု မြန်ဆန်စေပါတယ်။။အပင်သက်တမ်း ၂၀ ရက်သားခန့်တွင် အပင်ကြီးထွားမှု အားကောင်းစေရန် နိုက်ထရိုဂျင်နှင့် ဖော့စဖရပ် ပါဝင်သော ရွက်ဖျန်းမြေဩဇာများ ပက်ဖျန်းပေးပါ။ ပန်းစပွင့်ချိန်နှင့် အသီးတောင့် ဝင်ချိန်တို့တွင် အစေ့အဆန် အောင်မြင်စေရန် ပိုတက်စီယမ်နှင့် ဘိုရွန် ပါဝင်သော ရွက်ဖျန်းအားဆေးများကို အသုံးပြုပေးသင့်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ပုံပါဆေးသုံးမျိုးရောဖြန်းလို့ ရလား ဆရာတို့ အပင်တွေ အမြစ်ပုပ်ပုပ်ပြီး အကွက်လိုက်သေနေလို့ ပိုးတွေလဲကျနေလို့

ဖြေကြားချက် 2 ခု

လယ်ပဲခုအချိန်မှကြဲရင်နောက်ကြနေပြီလားခင်ဗျကျောက်မှုန့်ထည့်ရင်အဆင်ပြေလားခင်ဗျဝါးခယ်မနဲ့မတ်ပဲကဲမှာပါ

ဖြေကြားချက် 3 ခု

မတ်ပဲအပွင့်လိုက်တဲ့အချိန်မှာငါးအမိုင်နိုဖျန်းရင်ဘယ်လိုအကျိုးကျေးဇူးရနိုင်လည်းခဗျ ဆိုးကျိုးရောရှိနိုင်လားခဗျ🙏🙏🙏

ဖြေကြားချက် 2 ခု

အဆီဖိတ်ပိုးသတ်ဆေးကို မတ်ပဲပင် 40ရက်သားမှာ ရွက်ဖျန်းအားဆေးတွေနဲ့ တွဲဖျန်းလို့ရနိူင်ပါလား

ဖြေကြားချက် 2 ခု

ရေနစ်ထားတာပါဆရာ ဘယ်မှိုဆေးသုံးရင်အကောင်းဆုံးဖြစ်မလဲခင်ဗျာ။အထိရောက်ဆုံးနဲ့အကောင်းဆုံးဖြစ်မဲ့ မှိုဆေးညွန်ပေးပါ ဆ...

ဖြေကြားချက် 6 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။