အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
zin min htet
လွန်ခဲ့သော ၃ နာရီ က · ချောင်းဆုံ

အပွင့်ပွင့်ခါနီးဆို အဲ့လိုပဲ ညှိုးလာတာတချို့အပင်တွေမှာ ပင်ခြေမှာ အဖြူရောင်အမျှင်တွေတွေ့ရတယ် အမျှင်မတွေ့ရပဲညှိုးတာတွေလည်းရှိတယိ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၂၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အမြစ်
ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 460,812 လွန်ခဲ့သော ၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

@zin min htet အပင်ခြေမှာ အဖြူရောင်မှိုမျှင်တွေ တွေ့ရပြီး ညှိုးကျတာက ပင်ခြေပုပ်ရောဂါ (Foot rot - Corticium rolfsii) ကြောင့် ဖြစ်ပါတယ်။ ဒီရောဂါအတွက် ရောဂါကျပင်တွေကို အမြစ်ပါနုတ်ယူ ဖျက်ဆီးပြီး ရေဝပ်မှုမရှိအောင် ရေလျှော့သွင်းပေးရပါမယ်။ ကျန်အပင်ကောင်းတွေ မကူးစက်အောင် အပင်ခြေမြေကြီးကို မြေဆောင်မှိုသတ်ဆေး (ဥပမာ- Hymexazolသို့မဟုတ် Azoxystrobin သို့မဟုတ် Carbendazim) ဒါမှမဟုတ် Trichoderma အကျိုးပြုမှို ဖျန်းပေးပါ။ အဖြူရောင်မှိုမျှင် မတွေ့ဘဲ အရွက်စိမ်းလျက် ရုတ်တရက်ညှိုးတာကတော့ ဘက်တီးရီးယား ပင်ညှိုးရောဂါ ဖြစ်နိုင်ပါတယ်။ ညှိုးနေတဲ့အပင်ရဲ့ အောက်ခြေပင်စည်ကို ဓားနဲ့ဖြတ်ပြီး ရေကြည်ဖန်ခွက်ထဲ စိမ်ကြည့်ပါ။ ၅ မိနစ်ကနေ ၁၅ မိနစ်အတွင်း ဖြတ်စကနေ နို့နှစ်ရောင်အမျှင်တန်းတွေ စီးကျလာရင် ဘက်တီးရီးယားကြောင့် ဖြစ်တာသေချာပါတယ်။ ဘက်တီးရီးယား ပင်ညှိုးရောဂါက ကုသဆေးမရှိတဲ့အတွက် ရောဂါကျပင်ကို ချက်ချင်းနုတ်ယူဖျက်ဆီးပြီး သုံးထားတဲ့ ဓားနဲ့ ပေါက်ပြားတွေကို ပိုးသတ်ဆေးရည်နဲ့ ပြန်ဆေးပေးဖို့ လိုအပ်ပါတယ်။မှိုရောဂါထိန်းနိုင်သွားပြီးနောက် ဘက်တီးရီးယားရောဂါပါပူးတွဲကျတာမျိုးဆိုရင်တော့ ဘက်တီူရီးယားရောဂါများအခြားအပင်များကို မကူးစက်စေရန်အတွက် Copper oxychloride, Copper hydroxide, Bismerthiazole, Kasugamycin, Oxolinic acid ဘက်တီးရီးယားဆေးတစ်မျိုးမျိုးဖျန်းပက်ကာကွယ်နိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။