အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုချမ်း
လွန်ခဲ့သော ၃ နာရီ က · ပြင်ဦးလွင်

ဘာဆေးဖျန်းရမလဲဗျ

ပိုးမွှားရောဂါ ပဲတောင့်ရှည်
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 461,949 လွန်ခဲ့သော ၂ နာရီ က

@ကိုချမ်း ပဲတောင့်ရှည်ရွက်ပေါ်တွင် ဖြစ်ပေါ်နေသော ရောဂါမှာAscochyta Leaf Spot (အက်စကိုခိုင်တာ ရွက်ပြောက်မှိုရောဂါ) ကျတာပါ။ ဒီရောဂါကို ထိန်းချုပ်ရန်အတွက် Mancozeb (မန်ကိုဇက်) သို့မဟုတ် Chlorothalonil (ကလိုရိုသာလိုနေး) ကဲ့သို့ ထိသေမှိုသတ်ဆေးများဖြင့်ကာကွယ်နိုင်ပြီး၊ အခုလို ရောဂါကျပြီးသည့်အခြေအနေတွင်Difenoconazole နှင့် Azoxystrobin ပါဝင်သော ပင်လုံးပြန့်မှိုသတ်ဆေး တစ်မျိုးမျိုးကို ဖျန်းပေးရပါမယ်။ ဆေးဖျန်းရာတွင် အရွက်အောက်မျက်နှာပြင်ထိ နှံ့စပ်အောင် ဖျန်းရန်နှင့် ဆေးယဉ်ပါးမှု မဖြစ်စေရန် (၇) ရက်မှ (၁၀) ရက်ခြား တစ်ကြိမ် ဆေးအုပ်စု ပြောင်းလဲဖျန်းရန် လိုအပ်ပါတယ်။ ထို့အပြင် ရောဂါရအောက်ခြေအရွက်များကို ခူးယူမီးရှို့ဖျက်ဆီးခြင်း၊ ပေါင်းမြက်ရှင်း၍ လေဝင်လေထွက်ကောင်းစေခြင်း၊ အပင်ဒဏ်ရာမရအောင် ဂရုစိုက်ခြင်းနှင့် ပုလဲဓာတ်မြေဩဇာ ကျွေးခြင်းကို ခေတ္တလျှော့ချခြင်းတို့ကိုပါ တွဲဖက်လုပ်ဆောင်သင့်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။