ဖြေကြားချက် ၁ ခု
@U Than Toe Aung နွားသေးအချဉ်ဖောက်ရည်ကို စပါးခင်းတွင် စပါးပင်ပွားထွက်ချိန် (စိုက်ပြီး ၁၅ ရက်သားခန့်) မှစ၍ အနှံထွက်စုံချိန်မတိုင်ခင်အထိ၁၅ ရက်ခြား တစ်ကြိမ် ဖျန်းပေးနိုင်ပါသည်။ နွားသေးတွင် ပုလဲဓာတ် (နိုက်ထရိုဂျင်) ကြွယ်ဝသောကြောင့် ပင်ပွားများစေရန်၊ ဖုံးတုံးလုံးတုံးအချိန်တွင် အနှံအားကောင်းစေရန်နှင့် အစေ့အဆန် ပြည့်ဖြိုးစေရန် အထောက်အကူပြုပါတယ်။ သို့သော် စပါးပန်းပွင့်နေချိန် (နံနက် ၉ နာရီမှ ၁၁ နာရီ) တွင် ဝတ်မှုန်ကူးမှု မထိခိုက်စေရန် ရှောင်ကြဉ်ရမည်ဖြစ်ပြီး၊ နို့ရည်တည်ပြီး စပါးနှံများ ဝါဝင်းစပြုလာချိန်တွင်မူ အမှည့်နောက်မကျစေရန်နှင့် အပင်မယိုင်လဲစေရန် ဆက်လက်ပက်ဖျန်းခြင်းကို ရပ်တန့်ရပါမယ်။ အသုံးပြုရာတွင် ဆေးရည် (၁) ဆလျှင် ရေ (၁၅) ဆမှ (၂၀) ဆအထိ ရောစပ်၍ နေအေးချိန်တွင်သာ ဖျန်းပေးသင့်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
အဲ့ဒီခြေနေမှာ အဆီဖိတ်လိုမျိုးဆေးကိုဖြန်းလို့ရလားဗျ
ဖြေကြားချက် 1 ခု
ဆရာလယ်ထဲမှာအဲ့လိုအပင်တွေအရမ်းများနေပါတယ်ဆေးဖျန်းပြီး၁ပက်ကျော်လောက်ရှိပါပြီးမသေပါဘူးဆရာလမ်းညွန်ပါအုံးဆရာ
ဖြေကြားချက် 2 ခု
နွားသေးကိုအချဉ်ဖောက်ပီးသုံးရသလားဆရာ စပါးအတွက်ပါ ဖုန်းတုံးလုံးတုံးအချိန်သုံးရပါသလားဆရာ
ဖြေကြားချက် 1 ခု
ပိုးသတ်ဆေး dateကုန်ရင် အသုံးပြုရလားဆရာ
ဖြေကြားချက် 3 ခု
ဆရာပျိုးထောင်ပြီးပြန်စုက်တဲ့စပါးတွေကခုလိုဝါနေတယ်ဆရာဘယ်လိုပြန်လိုက်ရမလဲအကြုံပြုပါအုံး
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ