အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
JohnSaw
JohnSaw 112
လွန်ခဲ့သော ၁၁ နာရီ က · ဇလွန်

ပဲကောင်းပေါင်းသေဖျန်းရင်ပိုးသတ်ဆေးထည့်လို့ရလားဗျ ပိုးကျနေလို့

ပိုးမွှားရောဂါ မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 465,372 လွန်ခဲ့သော ၁၀ နာရီ က

@JohnSaw မတ်ပဲခင်းတွင် ပဲကောင်းပေါင်းသေဆေး (ရွေးချယ်ပေါင်းသတ်ဆေး) နှင့် ပိုးသတ်ဆေးကို တစ်ပြိုင်နက်တည်း ရောစပ်ပက်ဖျန်းခြင်း လုံးဝ မပြုလုပ်သင့်ပါဘူး။ ထိုသို့ ရောဖျန်းလိုက်ပါက ဓာတုဓာတ်ပြုမှုများ ဖြစ်ပေါ်ပြီး မတ်ပဲပင် ဆေးလောင်ခြင်း၊ အရွက်ဝါ၍ တွန့်လိမ်ခြင်းနှင့် ဆေးအာနိသင် ကျဆင်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် ပိုးကျရောက်မှု ပြင်းထန်နေပါက ပိုးသတ်ဆေးကို အရင်ဦးစားပေး ပက်ဖျန်းပြီး အနည်းဆုံး ၅ ရက်မှ ၇ ရက်ခန့် အချိန်ခြားပြီးမှသာ ပေါင်းသတ်ဆေးကို သီးသန့်ဖျန်းပေးရန် အကြံပြုပါတယ်ခင်ဗျာ။ ပေါင်းပင်ကပိုးထက်ဆိုးရင် ပေါင်းသတ်ဆေးအရင်ဖျန်းပါ၊ပြီးမှ ပိုးသတ်ဆေးဖျန်းပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။