အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးဇာနည်
လွန်ခဲ့သော ၂၁ မိနစ် က · ကြံခင်း

ဘာဖျန်းသင့်လည်းခင်ဗျ

အပင်အာဟာရ ပဲတီစိမ်း
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 467,314 လွန်ခဲ့သော ၈ မိနစ် က
ဤအဖြေဖြင့် ပြေလည်

@ဦးဇာနည် ပုံပါ ပဲတီစိမ်းအခင်းမှာ ပင်ပိုင်းကြီးထွားမှု ကောင်းမွန်စိမ်းစိုနေပြီး ပွင့်ဖူးစဝင်ခါစ အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ထို့ကြောင့် အပင်ဟုန်ခြင်းမရှိဘဲ အပွင့်အသီးအားကောင်းစေရန် အပင်အာဟာရအနေဖြင့် ဖော့စဖရပ် (P) နှင့် ပိုတက်စီယမ် (K) အချိုးများသော သီးပွင့်အားဆေး (ဥပမာ - ၀:၅၂:၃၄) ကို ဘိုရွန် (Boron) ပါအနည်းလိုရွက်ဖဖန်းအား ဆေးများနှင့် အလှည့်ကျဖျန်း ပေးပါ။ ထို့အပြင် အရွက်များတွင် ပိုးကိုက်ရာ အပေါက်လေးများ စတင်တွေ့ရသဖြင့် ရွက်စားပိုးနှင့် သီးတောင့်ထိုးပိုးများအတွက် ထိသေစားသေ ပိုးသတ်ဆေး (Emamectin Benzoate သို့မဟုတ် Chlorantraniliprole) နှင့် ပင်ဝါရောဂါ သယ်ဆောင်တတ်သော ယင်ဖြူ၊ ပျ ကဲ့သို့ စုပ်စားပိုးများအတွက် ပင်လုံးပြန့် ပိုးသတ်ဆေး (Acetamiprid သို့မဟုတ် Dinotefuran) တို့ကို အရွက်အောက်မျက်နှာပြင်များ နှံ့စပ်အောင် ညနေပိုင်း အေးချိန်တွင် အလှည့်ကျ ပက်ဖျန်းပေးရန် လိုအပ်နိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဘာဆေးဖျန့းသင့်လည်းခင်ဗျ

ဖြေကြားချက် 0 ခု

ပဲကျဲပြီး 18ဗန်းနဲ့ 2စက် ထွန်လိုက်ပါတယ် တချို့နေရာတေက ထယ်ဖက်တေကြီးသွားလို့ ပေါက်နိုင်ပါ့မလား ဆရာခင်ဗျ ပဲတီ...

ဖြေကြားချက် 1 ခု

အရင်နှစ်ကမြစ်ခြောက်ဆွေးရောဂါတေကြောင့်အပင်တေသေပါတယ် ဘယ်လိုမျိုးစေ့လူးနယ်ဆေးကိုသုံးရမလဲဗျ ပဲတီစိမ်းကိုထွန်ခင်း...

ဖြေကြားချက် 4 ခု

ပဲကျဲပက်ချိန်တွင် ထရိုင်ဂိုဒါးမားကိုလူးနယ်ကျဲပက်ထား ပါလျှင် ဘယ်နှစ်ရက်သားမှာ တကြိမ်ထပ်ပီး ဖျန်းလို့ရပါလဲ...

ဖြေကြားချက် 1 ခု

ကျွန်တော်ပဲတီိစိမ်းအခင်းအပင်တွေညိုးသေနေပါတယ်မြေကြီးကလည်းအလွန်စိုနေပါတယ်ပဲပင်ဆက်မသေအောင်ဘယ်လိုကာကွယ်ကုသရမလဲဆရာ

ဖြေကြားချက် 2 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။