ဖြေကြားချက် ၁ ခု
@Saw Samson မတ်ပဲတစ်ရာသီအတွင်း အသီးအားပေး P:K (ဖော့စဖရပ်နှင့် ပိုတက်စီယမ်) အချိုးများသော ရွက်ဖျန်းမြေဩဇာကို ပုံမှန်အားဖြင့် ၂ ကြိမ်မှ ၃ ကြိမ်အထိ ဖျန်းပေးသင့်ပါတယ်။ ပထမအကြိမ်အဖြစ် ပန်းဖူးစတင်ဝင်ချိန် (အပင်သက်တမ်း ၃၀-၃၅ ရက်ခန့်) တွင် အဖူးအပွင့် အားကောင်းစေရန် ဖျန်းပေးရပါမယ်။ ဒုတိယအကြိမ်အဖြစ် ပန်းပွင့်စုံချိန်နှင့် သီးတောင့်စတင်ဝင်ချိန် (အပင်သက်တမ်း ၄၅-၅၀ ရက်ခန့်) တွင် အပွင့်မကြွေဘဲ အသီးတင်နှုန်း ကောင်းစေရန် ဖျန်းပေးရပါမယ်။ အပင်အားကောင်းပြီး အသီးတင်များပါက တတိယအကြိမ်အဖြစ် အစေ့အဆန် ဖြည့်တင်းချိန် (အပင်သက်တမ်း ၆၀ ရက်ခန့်) တွင် အစေ့အဆန် အောင်မြင်စေရန် ထပ်မံဖျန်းပေးနိုင်ပါတယ်။ ဆေးဖျန်းရာတွင် နေပူရှိန်ပြင်းချိန်ကို ရှောင်ရှား၍ နံနက်ခင်း သို့မဟုတ် ညနေခင်း အေးမြချိန်များတွင်သာ ဖျန်းပေးသင့်ပါတယ်။သွင်းအားစုစရိတ်တွေက ဈေးအရမ်းကြီးနေတာကြောင့်မိမိကိုယ်တိုင်ချင့်ချိန်စဉ်းစားပြီး အသုံးပြုစေချင်ပါတယ်၊ P,K၃ကြိမ်ဖျန်းမည့်အစား အနည်းလိုအဟာရ တစ်ကြိမ်လောက်ကြား ညှပ်ဖျန်းပေးမယ်ဆိုရးလည်းအဆင်ပြေပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
မြေဆောင်မှိုရောဂါတေကိုဒီလူးနယ်ဆေးကတားဆီးနိုင်ပါ့မလားဗျ ပဲတီစိမ်းပါထွန်ပဲလုပ်မှာပါ
ဖြေကြားချက် 2 ခု
ပဲပင် အညှိရောင် သန်ပြီး ပင်သေဝင်နေတယ် သံချေး လား ဘယ်တီးရီးယား ကြောင့်လား
ဖြေကြားချက် 1 ခု
ဒီပဲပင်အရွက်ခြောက်ပြီးသေချင်တယ် အရောင်ကလည်းအညှိရောင်းသန်တယ် သံချေးလား ဘယ်တီးရီးလား အထလည်းနှေးတယ် ဘာဖြစ်တာလဲ
ဖြေကြားချက် 1 ခု
လူးးနယ်ဆေးကိုတစ်ညကြိုပြီးလူးထားလို့ရပါသလားဆရာ
ဖြေကြားချက် 2 ခု
ပဲပင်စည်ထိုးယင်ဝင်နေလို့ဗျား ဘယ်လိုဆေးတွေဖျန်းရမလဲဗျ အကူအညီလေးရအောင် ဖြေပေးကြပါအုံး...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ