ဆရာတို့ရေဘာရောဂါလဲဘာဆေးတွေဖြန်းရမလဲပြောပါဦသက်တန်း၂၈ရက်ဥကြီးဖို့ကယ်စီယမ်ဘိုရွန်နဲ့၅၂+၃၄ဖြန်ထားပါတယ့
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၂၈ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်
@aungkolatt မုန်လာဥဖြူအပင်သက်တမ်း (၂၈) ရက်သားတွင် ကျရောက်နေသည်မှာ မှိုကြောင့်ဖြစ်သည့် အော်တာနေးရီးယား ရွက်ပြောက်ရောဂါ (Alternaria Leaf Spot) ဖြစ်ပါတယ်။ လက်ရှိဖျန်းထားသော ကယ်လ်စီယမ်၊ ဘိုရွန်နှင့် ၅၂+၃၄ မြေဩဇာများသည် ဥကြီးထွားရန်သာ အထောက်အကူပြုပြီး မှိုရောဂါကို မကုသနိုင်ပါဘူး။ ထို့ကြောင့် ရောဂါကို ထိန်းချုပ်နိုင်ရန် အဇိုဇီစထရိုဘင် (Azoxystrobin) သို့မဟုတ် ဒိုင်ဖီနိုကိုနာဇိုးလ် (Difenoconazole) ကဲ့သို့သော ပင်လုံးပြန့် မှိုသတ်ဆေးတစ်မျိုးမျိုးကို ဝယ်ယူဖျန်းပေးရပါမယ်။ ဆေးဖျန်းရာတွင် (၇) ရက်မှ (၁၀) ရက်ခြား တစ်ကြိမ်ဖျန်းပေးရမည်ဖြစ်ပြီး အရွက်များ စိုစွတ်မှုမရှိစေရန် အပင်ပေါ်မှ ရေဖျန်းခြင်းကို ရှောင်ကြဉ်ကာ မြောင်းအတွင်းသာ ရေသွင်းပေးပါ။ ထို့အပြင် မုန်လာဥဖြူသည် ရက်တိုသီးနှံဖြစ်သဖြင့် ဥမနုတ်သိမ်းမီ အနည်းဆုံး (၇) ရက်မှ (၁၄) ရက်အလိုတွင် ဆေးဖျန်းခြင်းကို ရပ်တန့်ရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မုန်လာအပင်ပေါ်က်လေးတွေအခုပုံပါကြိုင်းလေးတွေတွေ့နေရတယ်ဒီအကောင်းတွေကရွက်နုလေးတွေကိုအပေါ်က်တွေဖြစ်အောင်ကိုက်တယ်အ...
ဖြေကြားချက် 8 ခု
အပင်လေ့ဝါနေလို့အကို ဘာလုပ်ရမယ်လဲ့ဗျ
ဖြေကြားချက် 0 ခု
မှုံလာဥဖြူဘယ်ဈေးရှိကျလဲဗျ
ဖြေကြားချက် 2 ခု
မှုံလာဥဖြူ၃၅ရက်သားရှိပါပြီနှုတ်လို့ရပီလားဗျ
ဖြေကြားချက် 2 ခု
မှုံလာဥဖြူ၂၅ရက်သားရှိပါပြီဥအားဆေးဘာဆေးတွေသုံးသင့်လဲဖြေပေးပါအုံး
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။