အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
U Than Toe Aung
လွန်ခဲ့သော ၄ နာရီ က · မလှိုင်

ဆရာကြီးနွားသေးအချဉ်ဖောက်တာ 5ရက်ရှိပါပီး အသုံးပြုရပီးလားဆရာ အပင်လောင်တာတို့ရှိနိင်သေးလားဆရာ

အပင်အာဟာရ စပါး

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 472,397 လွန်ခဲ့သော ၃ နာရီ က
ဤအဖြေဖြင့် ပြေလည်

@U Than Toe Aung ဟုတ်ကဲ့ပါဗျ၊ဖျန်းပက်ကြည့်မယ်ဆိုရင်လည်း ဧရိယာအနည်းငယ်ကိုသာ စမ်းသပ်ဖျန်းပက်ပြီး အပင်မလောင်ဘူးဆိုမှ စိတ်ချစွာ ဖျန်းပက်ပါဗျ၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

U Than Toe Aung
U Than Toe Aung 495 လွန်ခဲ့သော ၃ နာရီ က

စိုက်ပျိုးရေးပညာရှင်တယောက်တော့ ၅ရက်နေရင်ရေနဲ့ရောပတ်ရတယ်လို့ပြောလို့ပါဆရာ

သော်ဇင်
သော်ဇင် 472,397 လွန်ခဲ့သော ၄ နာရီ က

@U Than Toe Aung နွားသေးအချဉ်ဖောက်ထားတာ ၅ ရက်ပဲ ရှိသေးရင် အပင်လောင်နိုင်သေးတဲ့အတွက် လုံးဝ အသုံးမပြုသင့်သေးပါဘူးခင်ဗျာ။ ၅ ရက်အရွယ်မှာ နွားသေးထဲက အမိုးနီးယား (Ammonia) ဓာတ်ငွေ့တွေ ပြင်းထန်နေသေးလို့ စပါးရွက်တွေကို လောင်ကျွမ်းပျက်စီးစေနိုင်ပါတယ်။ အနည်းဆုံး ၂ ပတ်ကနေ ၃ ပတ် (၁၄ ရက် - ၂၁ ရက်) အထိ စောင့်ပြီး စူးရှတဲ့ နွားသေးနံ့ ပျောက်ကာ အမြှုပ်တွေ ငြိမ်သွားမှ အသုံးပြုပါ။ အသုံးပြုတဲ့အခါမှာလည်း အရွက်ဖျန်းဆေးအတွက် နွားသေး ၁ ဆကို ရေ ၁၀-၁၅ ဆ၊ မြေထဲလောင်းဖို့အတွက် ရေ ၅-၈ ဆ ရောစပ်ပြီး ညနေခင်း နေအေးချိန်မှသာ အသုံးပြုသင့်ပါတယ်။စိုက်ခင်းထဲမှာ နွားသေးသုံးရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ??? ဒီဆောင်းပါးမှာလေ့လာကြည့်ပါဗျ၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။