အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Khaing Myint Zaw
လွန်ခဲ့သော ၂ နာရီ က · မြန်အောင်

ပိုးသတ်ဆေးတွေက်ု ဘယ်လိုစနစ်တကျသုံးရမလဲဗျ

စိုက်ပျိုးစီးပွား ပြောင်း

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 473,402 လွန်ခဲ့သော ၁ နာရီ က

@Khaing Myint Zaw ပြောင်းစိုက်ခင်းတွင် ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြုလိုပါက ဦးစွာ စိုက်ခင်းအတွင်း ကျရောက်နေသော ပိုးအမျိုးအစား (ဥပမာ- ငမြှောင်တောင်ပိုး၊ ပြောင်းဖူးထိုးပိုး) နှင့် ပိုးကောင်အရွယ်အစားကို စစ်ဆေးသတ်မှတ်ရပါမယ်။ ထို့နောက် သက်ဆိုင်ရာပိုးကို နှိမ်နင်းနိုင်သည့် ဆေးအုပ်စုကို ရွေးချယ်ပြီး ဆေးဘူးပါ အညွှန်းနှုန်းထားအတိုင်း တိကျစွာ ဖျော်စပ်အသုံးပြုရပါမယ်။ ဆေးယဉ်ပါးမှု မဖြစ်စေရန် ဆေးတစ်မျိုးတည်းကို ဆက်တိုက်မသုံးဘဲ လုပ်ဆောင်ပုံမတူသည့် အခြားဆေးအုပ်စုများဖြင့် အလှည့်ကျ ပြောင်းလဲပက်ဖျန်းပေးရပါမယ်။ ဆေးဖျန်းရာတွင် နံနက်စောစော သို့မဟုတ် ညနေနေအေးချိန်ကို ရွေးချယ်၍ ပက်ဖျန်းသင့်ပြီး အကာအကွယ်ဝတ်စုံများ စနစ်တကျ ဝတ်ဆင်ကာ ဆေးဘူးပါ သတ်မှတ်ရက်ပြည့်မှသာ ရိတ်သိမ်းရပါမယ်။ဓာတုပိုးသတ်ဆေးများကို နောက်ဆုံးအဆင့်အနေဖြင့်သာ အသုံးပြုသင့်ပြီး စိုက်ခင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ သဘာဝမိတ်ဆွေပိုးများ မွေးမြူထိန်းသိမ်းခြင်းနှင့် တမာပိုးသတ်ဆေးကဲ့သို့ ဇီဝပိုးသတ်ဆေးများကို ဦးစားပေးအသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး ရေရှည်အကျိုးရှိစေပါမယ်ခင်ဗျာ။ ပြောင်းခင်းမှယ ဘာပိုး၊ ရောဂါ ကျတာလဲ သိရရင် ဒီထက်ပိုဆွေးနွေးပေးနိုင်ပါမယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။