အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
နန်းထွေးမေ
လွန်ခဲ့သော ၁ နာရီ က · နမ့်ခမ်း

အရွက်က ခြောက်ပြီး ဝါလာပြီ ဘာတွေ လုပ်ပေးရမလဲဆရာ

အပင်အာဟာရ သံပုရာ
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 473,402 လွန်ခဲ့သော ၁ နာရီ က
ဤအဖြေဖြင့် ပြေလည်

@နန်းထွေးမေ ပုံပါသံပုရာပင်တွင် လှေးပိုး (Thrips) နှင့် ရွက်ထွင်းပိုး (Leaf miner) ကျရောက်နေသည့်အပြင် အာဟာရချို့တဲ့မှုပါ တွဲနေသဖြင့် အရွက်များ ဝါခြောက်လာခြင်း ဖြစ်ပါတယ်။ ဦးစွာ ပိုးကျနေသော အရွက်ဝါ၊ အရွက်တွန့်များကို ညှပ်ထုတ်မီးရှို့ဖယ်ရှားပြီး အပင်အတွင်းပိုင်း လေဝင်လေထွက်ကောင်းအောင် ရှင်းလင်းပေးပါ။ ထို့နောက် ပိုးမွှားနှိမ်နင်းရန်အတွက် Abamectin သို့မဟုတ် Imidacloprid ပါဝင်သော ပင်လုံးပြန့်ပိုးသတ်ဆေးကို ၅ ရက်ခြားတစ်ကြိမ်ခန့် ၂ ကြိမ်မှ ၃ ကြိမ် ဖျန်းပေးရပါမယ်။ အပင်အားပြန်ပြည့်စေရန် အပင်ခြေတွင် နွားချေးဆွေးနှင့် ကွန်ပေါင်း (NPK 15:15:15) ကို ပုလဲအနည်းငယ်ရောကျွေးပြီး၊ ဇင့်နှင့် မဂ္ဂနီဆီယမ် (Magnesium)၊သံဓာတ်ပါဝင်သော ရွက်ဖျန်းအားဆေးကို ဖျန်းပေးပါ။ အုတ်တံတိုင်းအပူပြန်မှုကြောင့် မြေအစိုဓာတ်မပြတ်စေရန် ရေမှန်မှန်လောင်းပေးပါက ၂ ပတ်မှ ၃ ပတ်အတွင်း အညွန့်သစ်များ ပြန်လည်စိမ်းလန်းလာပါလိမ့်မယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။