အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Saw Samson
Saw Samson 636
လွန်ခဲ့သော ၁ နာရီ က · ထန်းတပင်

ဆရာ မတ်ပဲ၁၂ရက်သားတုန်းက မိုးများပြီးရေဝပ်ထားတဲ့မတ်ပဲခင်း အခု၂၅ရက်ရှိပြီ ဖော့စတိုင်းအလူမီနီယမ်တစ်ကြိမ်ဖျန်းထားတယ် တယ် ရေလဲမရှိတော့ဘူး အောက်ရွက်ဝါပြီးအပင်တတ်နေတယ်ဆရာ ဆက်မကြီးလာတော့ဘူး ဒီနေ့ရွှေနဂါးအားဆေးနဲ့ပိုးသတ်ဆေးဖျန်းလိုက်တယ် အဆင်ပြေနိုင်လားဆရာ နောက်တစ်ကြိမ်ဘာဖျန်းရမလဲဆရာ အကြံပေးပါအုံးဆရာ

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 478,794 လွန်ခဲ့သော ၁ နာရီ က
ဤအဖြေဖြင့် ပြေလည်

@Saw Samson ၁၂ ရက်သားတုန်းက ရေဝပ်ခဲ့တဲ့ဒဏ်ကြောင့် အမြစ်ပုပ်ပြီး အာဟာရစုပ်ယူမှု ရပ်တန့်သွားလို့ အခု ၂၅ ရက်သားမှာ အောက်ရွက်ဝါပြီး အပင်တန့်နေတာ ဖြစ်ပါတယ်။ ဖော့စတိုင်းအလူမီနီယမ် ကြိုဖျန်းထားတာ ကောင်းမွန်သလို ဒီနေ့ ရွှေနဂါးအားဆေးနဲ့ ပိုးသတ်ဆေး တွဲဖျန်းလိုက်တာလည်း အဆင်ပြေပါတယ်။ နောက် ၅ ရက်ကနေ ၇ ရက်အကြာမှာ အမြစ်သစ်တွေ ပြန်ထွက်ပြီး အပင်အရပ် ပြန်တက်လာစေဖို့အတွက် ဟူးမစ်အက်ဆစ် (Humic Acid) ၊ ပင်လယ်ရေမှော် (Seaweed) နဲ့ နိုက်ထရိုဂျင် (N) အချိုးများတဲ့ ရွက်ဖျန်းမြေဩဇာ (ဥပမာ- 30-10-10) တို့ကို တွဲဖျန်းပေးပါ။ ဒါ့အပြင် မြေကြီးခြောက်သွားချိန်မှာ အပင်ခြေရင်း မြေဆွပေးနိုင်မယ်ဆိုရင် အမြစ်လေဝင်လေထွက် ကောင်းပြီး အပင်အမြန်ပြန်လန်းလာပါလိမ့်မယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

အရွက်တွေအဲ့လိုဖြစ်နေတယ်အကွက်လိုက်ဖြစ်နေတာပါ TBL9ပဲမျိုးပါ ယင်ဖြူကျတာမဟုတ်ပါဘူးဆရာ ဘာဖြစ်တာလဲ

ဖြေကြားချက် 1 ခု

ပွင့်သီးလိုက်နေချိန် အပင်အားဆေးသုံးလို့အဆင်ပြေလားခင်ဗျာ တစ်ချို့အပင်တွေအချိန်လိုနေလို့ပါ တွဖျန်းရင်ရောအဆင်ပြေ...

ဖြေကြားချက် 3 ခု

ဆရာခင်ဗျ ပဲပင်50ရက်သက်တမ်းပါ အသီးတေက စမှည့်နေပါပြီ နောက်အပွင့်တေလည်းလိုက်နေပါတယ် နောက်သီးဖမ်းလို့ရသေးလား ပဲ...

ဖြေကြားချက် 1 ခု

ဆရာခင်ဗျ အင်ဒိုဇာကတ် နဲ့ ဒိုင်ဖန်နိုကိုနဇိုးပါတဲ့ဆေးaiတေကို မနက်ပိုင်းဖျန်းလို့ရပါသလား ပဲပင်က အပွင်လှိုင်...

ဖြေကြားချက် 2 ခု

Tetraniliprole ပိုးသတ်ဆေး AI အကြောင်းသိချင်လို့ပါဗျ မတ်ပဲ ပွင့်ထွေးပိုးအတွက် တစ်မျိုးတည်းသုံးလို့အဆင်ပြေလားဗျ

ဖြေကြားချက် 2 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။