နှစ်လခွဲသက်တမ်း တစ်ပင်လုံး တစ်ဖြည်းဖြည်းအရွက်များညှိုးပြီး ကွက်ကြားသေလာပါသည် (မှိုဆေး ငါးကြိမ်ဖျန်းပြီး) ဘာဆေး ဆက်သုံးပေးရမလဲ ဆရာရှင့်
@Hlaing Hlaing Thin မှိုဆေး ၅ ကြိမ်ဖျန်းပြီးသော်လည်း မသက်သာဘဲ တစ်ပင်လုံး တဖြည်းဖြည်း ညှိုး၍ ကွက်ကြားသေဆုံးနေခြင်းမှာ အရွက်မှိုရောဂါကြောင့် မဟုတ်ဘဲ မြေဆောင်ပင်ညှိုးမှိုရောဂါ (Fusarium/) သို့မဟုတ် ဘက်တီးရီးယားပင်ညှိုးရောဂါ (Bacterial Wilt) ကြောင့် ဖြစ်နိုင်ပါတယ်။ အရွက်ပေါ်ဖျန်းသော မှိုဆေးများသည် ပင်စည်အတွင်းပိုင်း ရေကြောပိတ်ဆို့နေသော ဤရောဂါများကို မနိုင်ပါဘူး။ ထို့ကြောင့် အပင်ခြေနှင့် ပင်စည်ကို ထက်ခြမ်းခွဲစစ်ဆေးကြည့်ပြီး အတွင်းသား ညိုမည်းနေပါက ဟိုင်မက်ဇာဇိုး (Hymexazol) သို့မဟုတ် ကာဘင်ဒါဇင် (Carbendazim) ကဲ့သို့သော မြေဆောင်မှိုသတ်ဆေးကို အပင်ခြေရင်းသို့ ဖျန်းပေးရပါမယ်။ အပင်ရိုးတံနှင့် အဖူးအညွန့်များ မည်းခြောက်ပုပ်ရိလာပြီး ပင်စည်ကို ဖြတ်၍ ရေကြည်ဖန်ခွက်ထဲ စိမ်ကြည့်ပါက နို့နှစ်ရောင် အရည်ပျစ်များ (Bacterial Ooze) စိမ့်ထွက်လာပါက ဘက်တီးရီးယား ပင်ညှိုးရောဂါကြောင့်ပါ။ မှိုဆေးများသည် ဘက်တီးရီးယားကို လုံးဝ မသတ်နိုင်ပါဘူး။ဘင်တီးရီးယား ရောဂါအတွက်ကော့ပါး (Copper oxychloride) သို့မဟုတ် Copper hydroxide,Bismerthiazole, Oxolinic acid , ကာစူဂါမိုင်စင် (Kasugamycin) ကဲ့သို့ ဘက်တီးရီးယားသတ်ဆေးများကို အသုံးပြုပေးရမည်ဖြစ်ပြီး၊ ရောဂါရပြီးသား အပင်များကိုမူ ကျန်အပင်များသို့ မကူးစက်စေရန် အမြစ်ပါမကျန် နုတ်ယူဖျက်ဆီးပစ်ရပါမယ်။ အပင်တစ်ပင်လုံး လုံးဝညှိုးကျပြီး အတွင်းသား ပုပ်နေပြီဆိုပါက ပြန်လည်ရှင်သန်ရန် မဖြစ်နိုင်တော့ပါဘူး။ ကျန်အပင်ကောင်းများသို့ မြေကြီးနှင့် ရေမှတစ်ဆင့် မကူးစက်စေရန် ထိုအပင်များကို အမြစ်ပါမကျန် နုတ်ယူ၍ စိုက်ခင်းပြင်ပတွင် မီးရှို့ဖျက်ဆီးပစ်ပါ။ မြေဆောင်မှိုနှင့် ဘက်တီးရီးယားများသည် အစိုဓာတ်များလွန်းခြင်းနှင့် ရေဝပ်ခြင်းကို အလွန်ကြိုက်နှစ်သက်ပါတယ်။ ရေလောင်းလျှင် အရွက်ပေါ် မစိုစေဘဲ အပင်ခြေကိုသာ လျှော့၍ လောင်းပေးပါ။ နိုက်ထရိုဂျင် များပါက အပင်တစ်ရှူးများ နုနယ်ပြီး ရောဂါပိုး အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်သဖြင့် ပိုတက်ရှ် (Potassium) ပါဝင်မှုများသော အားဆေးကိုသာ အသုံးပြုပေးပါ။ အပင်ကိုင်းညှပ်ခြင်း၊ အညွန့်နှိမ်ခြင်း ပြုလုပ်ရာတွင် ရောဂါရအပင်မှ အပင်ကောင်းသို့ ကတ်ကြေး သို့မဟုတ် လက်မှတစ်ဆင့် ရောဂါမကူးစက်စေရန် အရက်ပြန် ရည်ဖြင့် ဆေးကြောပြီးမှ ကိုင်တွယ်ပါ။တောင်သူ့စိုက်ခင်းပုံပါအရနှင့် မှိုဆေး၅ကြိမ်ဖျန်းပြီး မသက်သာပုံထောက်ရင်တော့ ဘက်တီးရီးယားကြောင့်ဖြစ်သည့် ပင်ညှိုးရောဂါဖြစ်နိုင်ဖို့အသေချာဆုံးပါ။ ဖန်ခွက်ထဲပင်စည်ဖြတ်ပြီး ရေစိမ်ကြည့်ပါဗျ။ ကာကွယ်ကုသနည်းများကို အထက်မှာအားလုံးဖြေကြားပေးပြီးပါပြီခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဂန္ဓမာပန်းလေးစိုက်ပျိုးရာတွင်ဘယ်လိုပြုစုရပါလဲ ဆေးကအစအသုံးပြုပုံဘယ်လိုဆေးမျိုးကိုအသုံးပြုရပါလဲမေးချင်လို့ပါဆရာ
ဖြေကြားချက် 1 ခု
ပင်ညှိုးရောဂါ မကျရောက်အောင် မြေပြင်ချိန်မှာဘာတွေလုပ်ဆောင်သင့်လဲဗျ။
ဖြေကြားချက် 1 ခု
ဂန္ဓမာပန်းပွင့်ရင်ပိုးသတ်ဆေးအက်စီတာမီပရစ်25အမှုန့်ကယ်စီယမ်ဘိုရွန်နဲ့တွဲဖျန်းရလား
ဖြေကြားချက် 4 ခု
ခေါင်ညွှန့်က ဘယ်အချိန်မှာ စနှိမ်ရတာလဲဗျ အပင်ငယ်ငယ်လေးနဲ့ အဖူးတေဝင်နေလို့
ဖြေကြားချက် 3 ခု
ပန်းပွင့်တေဒီလိုဖစ်သွားပါဗျာ
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။