အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Thet Paing Oo
Thet Paing Oo 3,732
လွန်ခဲ့သော ၂၀ မိနစ် က · စဉ့်ကိုင်

ခွာညို ပင်က ကိုင်းကူးလို့ရလားဗျ

စိုက်ပျိုးနည်း အိမ်တွင်းအလှစိုက်ပင်

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 480,843 လွန်ခဲ့သော ၄ မိနစ် က

@Thet Paing Oo ခွာညိုပင် (Clematis) ကို ကိုင်းကူးမျိုးပွားလို့ ရပါတယ်ဗျ။ မိခင်ပင်ကနေ မဖြတ်သေးဘဲ အကိုင်းအဆစ် (Node) နေရာကို အခေါက်အနည်းငယ်ခြစ်ပြီး မြေကြီးထဲ ၁ လက်မခန့် ဖိမြှုပ်ထားကာ အမြစ်ထွက်မှ ဖြတ်ယူစိုက်ပျိုးတဲ့ "မြေမြှုပ်ကိုင်းကူးနည်း" က အအောင်မြင်ဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် မနုမရင့် အလယ်အကိုင်းကို အဆစ်ပါအောင် ဖြတ်ယူပြီး ရေစိမ့်အားကောင်းတဲ့ မြေဆွေးထဲ စိုက်ပျိုးကာ ပလတ်စတစ်အိတ်အုပ်ပြီး အရိပ်ထဲထားတဲ့ "ကိုင်းဖြတ်မျိုးပွားနည်း" နဲ့လည်း အပင်ပွားများများ ရအောင် စိုက်ပျိုးနိုင်ပါတယ်။ အဆစ်နေရာ မြေကြီးနဲ့ ထိတွေ့နေဖို့နဲ့ မိုးဦးကျလို အေးမြတဲ့ရာသီမှာ ပြုလုပ်ဖို့က အမြစ်ထွက်နှုန်း ပိုကောင်းစေပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။