အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးရဲဝင့်ကျော်
လွန်ခဲ့သော ၇ နှစ် က · ပန်းတောင်း

ကြယ်ပဲ ပျိုးထောငိဖို့ ဘယ်လိုမြေမျိုးဖြစ်ရမလဲ သိချင်ပါတယ်။

မြေဆီလွှာ ကြယ်ပဲ
2

ဖြေကြားချက် ၂ ခု

myatmyatwin
myatmyatwin 22,043 လွန်ခဲ့သော ၇ နှစ် က

New technology သိရလို့ ကျေးဇူးပါနော်

မေဇင်ထွန်း
မေဇင်ထွန်း အတည်ပြုပြီး 95,064 လွန်ခဲ့သော ၇ နှစ် က

အစေ့ ပျိုးထောင်နည်း ကြယ်ပဲ မျိုးစေ့သည် အခွံမာပြီး အပင်ပေါက်ရန် ကြာသဖြင့် မြန်မြန်အပင်ပေါက်အောင် ရေတွင် ၁၂ နာရီခန့်ကြာ စိမ်ပါ။ ရေတွင် စိမ်ပြီး ခြောက်နာရီခန့် ကြာလျှင် ရေအသစ်လဲပြီး ရေအသစ်တွင် ဟိုမိုင်းမှိုသတ်ဆေးမှုန့် ရေတစ်လီတာတွင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး အစေ့များကို စိမ်ပါ။ အချိန်စေ့ပါက ရေပေါ် ပေါသော အစေ့ကို ဖယ်ပစ်ပြီး ရေအောက်မြုပ်သော အစေ့များကို ဆယ်၍လေသလပ်ခံပြီး အခြောက်ခံပါ။ ဆေးစိမ်ပြီးမျိုးစေ့များကို အစိုဓာတ်ရှိသော သဲကျင်းထဲတွင် အစေ့တစ်လွှာခန့်နှင့်အတူ ဖြန့်ပြီး သဲအစိုနှင့် ပါးပါးဖုံးဖုံးပေးပါ။ သဲကျင်းကိုလည်း အစိုဓာတ်ရန် ဖုံးပေးပါ။ ၄-၅ ရက် ကြာလျှင် ကြယ်ပဲ အစေ့များ အမြစ်လောင်းထွက်လာသော အခါ ပျိုးအိတ်ထဲသို့ ရွေ့ပြောင်းစိုက်ပေးရပါမည်။ ပျိုးအိတ် ပြင်ဆင်ခြင်း ကြယ်ပဲပင်များကို ပျိုးအိတ်တွင် ၄-၅ ရက်သာ အလွန်ဆုံး ထားရပါမည် ဖြစ်၍ ၃x၇ လက်မ အရွယ် အပေါက်ပါ ပျိုးအိတ်များကို အသုံးပြုပါ။ ပျိုးအိတ်တွင် ထည့်ရန် မြေကို အပေါ်ယံ မြေ ၂ ဆ၊ နွားချေးဆွေး ၁ ဆ နှင့် ဖွဲပြာ/သဲ ၁ ဆကို ရောစပ်ပြီး သေချာစွာ အိတ်တွင် ဖြည့်ပါ။ အညှောက်ပေါက်နေသော မျိုးစေ့များကို ပျိုးအိတ်ထဲတွင် ဒေါင်လိုက် အစေ့ကို ၃/၄ အနက်ခန့် မြုပ်ပြီး စိုက်ပါ။ တစ်ပတ်ခန့် ကြာလျှင်အညွှန့်လောင်းမြေပေါ် ပေါ်လာလျှင် လိုအပ်ပါက အစေ့ခွံကို ဖယ်ရှားပေးပါ။ အစေ့ကို နက်နက်မြုပ်ပြီး စိုက်ပါက အစေ့ရွက်မြေမှ တိုးထွက်ရာတွင် ခါးကျိုးသွားနိုင်သည်။ ပျိုးပင်များ ၄၅ ရက်သားရှိလျှင် ရွေ့ပြောင်းစိုက်ပါ။ ကြာကြာထားလျှင် တစ်ပင်နှင့် တစ်ပင် ရစ်ပတ်ပြီး ရွေ့ပြောင်းရန် အခက်အခဲ ရှိနိုင်သည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။