အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
63
လွန်ခဲ့သော ၇ နှစ် က · ဖျာပုံ

ဂုတ်ကျိုးရောဂါ ဘယ်လိုကာကွယ်ရမလဲ

ပိုးမွှားရောဂါ စပါး စပါးဂုတ်ကျိုးရောဂါ
Post image
4

ဖြေကြားချက် ၄ ခု

531 လွန်ခဲ့သော ၇ နှစ် က
31,851 လွန်ခဲ့သော ၇ နှစ် က

စပါးဂုတ်ကျိုးရောဂါအတွက်မှိုသတ်ဆေးကို သုံးမယ်ဆိုပါက တစ်ကြိမ်သာ သုံးစွဲသင့်ပါတယ်

31,851 လွန်ခဲ့သော ၇ နှစ် က

နိမ့်လွန်းတဲ့အခါ ရောဂါဒဏ်ခံနိုင်ရန် ပိုတက်အဟာရဓါတ်ရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်း ပြုလုပ်ခြင်းဖြင့်ကာကွယ်နိုင်ပါတယ် နေ့အပူချိန် ၂၈ ဒီဂရီစင်ဒီဂရိတ် ဆိုရင် ရောဂါ ပြန့်ပွားမှု နည်းပါတယ်

31,851 လွန်ခဲ့သော ၇ နှစ် က

စပါးဂုတ်ကျိုးရောဂါဟာ ည အပူချိန် နိမ့်တဲ့အခါ ရောဂါ ပိုမို ပြင်းထန်ပါတယ်။ နိုက်ထရိုဂျင်မြေသြဇာကို တစ်ကြိမ်တည်းအများကြီး ထည့်တဲ့အခါ ဖြစ်ပါတယ်။ စပါးသက်တမ်းအရ တစ်ဧက မိမိထည့်လိုတဲ့ ယူရီးယားမြေသြဇာကို အပင်လိုအပ်အလိုက် ၃ ကြိမ်ခွဲကျွေးပါ။ ရောဂါရှိ ကောက်ရိုး ( ယခု နေရာတွင် ယခင်က စိုက်တဲ့စပါးပင် ရောဂါကျပြီး ကျန်ခဲ့တဲ့ ကောင်းစွာ ဆွေးမြေ့မှု မရှိတဲ့ကောက်ရိုး) လေ / သွင်းရေ တို့ကတဆင့် ကူးစက်တတ်ပါတယ်။ စပါးမျိုးက ရောဂါဒဏ်မခံနိုင်တဲ့မျိုးကြောင့်လည်း ဖြစ်ပါတယ်။ နွေစပါးစိုက်ခင်းမှာ ရေအမြဲရှိနေခြင်းဖြင့် ရောဂါဖြစ်ပွားမှု လျော့စေပါတယ်။ အပင်စိပ်စိပ်မစိုက်ပါနဲ့။ မစိုက်မီ သို့ ရောဂါကျ စပါးခင်းအား တစ်ဧက ပိုတက်မြေသြဇာ တစ်အိတ်ခွဲ သို့ စက်ဖွဲပြာ တစ်ဧက ၂၅ တင်း သို့ ကောက်ရိုးပြာ တစ်ဧက ၇ -၈ တင်း နှုန်း ထည့်နိုင်ပါတယ် ပိုတက်ပါတဲ့ အရွက်ဖြန်း အားဆေးကိုလည်း ဖြန်းနိုင်ပါတယ် အကောင်းဆုံးက ရောဂါဒဏ်ခံနိုင်တဲ့စပါးမျိုး စိုက်ခြင်း။ ရောဂါလက်ခံပင် ပေါင်းပင်များ ကင်းစင်စေခြင်း။ ရောဂါကျစပါးပင်အကြွင်းအကျန်များ ရှင်းလင်းခြင်း။ ရောဂါအားပေးတဲ့အပူချိန် နေ့ ၂၀ ဒီဂရီစင်ဒီဂရိတ်နှင့် ည အပူချိန်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။