အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
htetyu
htetyu 638
လွန်ခဲ့သော ၇ နှစ် က · ပုသိမ်ကြီး

သံပုရာပင်စိုက်ပျိုးရန်အတွက် ph တန်ဘိုးဘယ်လောက်ရှိသောမြေမျိုးကိုစိုက်သင့်ပါသလဲ ရှိသင့်သည့် ph တန်ဘိုးထက် နိမ့်နေလျင်သော်၎င်း မြင့် နေလျှင်သော်၎င်း အပင်အား မည်သို့အကျိုးသက်ရောက်စေမည်နည်း သရက်ပင်နှင့်ရောယှက်၍ စိုက်လို့ရပါသလား ph အကြိုက်ချင်းရောတူပါသလား ph နိမ့်သောမြေကို မြင့်အောင် ထုံးနှင့်ရောစပ်အသုံးပြုရသည်ဟုစာဖတ်ဖူးပါသည် ph မြင့်သောမြေကို နိမ့်အောင် မည်သည်နှင့်ရောစပ် အသုံးပြုရမည်ကိုကျေးဇူးပြု၍ သိကျွမ်းသောပညာရှင် သို့ အတွေ့အကြုံရှိသော တောင်သူ ဆရာကြီးများ ဖြေကြားပေးစေလိုပါတယ်ခင်ဗျား ကျေးဇူးတင်ပါတယ်ခင်ဗျား

မြေဆီလွှာ သံပုရာ
3

ဖြေကြားချက် ၃ ခု

ဝတ်မှုံသင်း
ဝတ်မှုံသင်း 6,618 လွန်ခဲ့သော ၇ နှစ် က

pHမြင့်သေါမြေကိုpHနိမ့်အောင် မြေဆွေး,နွားချေးထည့်ပေးလို့ရပါတယ် နောက်ပြီး aluminum sulfate နဲ့ sulfurထည့်လို့ရပါတယ် sulfurပါတဲ့ureaကိုသုံးပြီးတော့လဲ pHနိမ့်အောင်လုပ်လို့ရနိုင်ပါတယ်

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၇ နှစ် က

pHတန်ဖိုး5.5နှင့်6.5ကြားရှိသောမြေမျိုးမှာစိုက်ပျိုးသင့်ပါတယ်။pHပုံမှန်အခြေအနေမဟုတ်ဘူးဆိုရင်တော့အရွက်ဝါခြင်း၊ အပင်ကြီးထွားမှုရပ်တန့်သွားခြင်းတို့ဖြစ်တတ်ပါတယ်။pHမြင့်သောမြေကိုဓာတ်မြေသြဇာများ၊ iron၊sulfurများကျွေးခြင်းဖြင့်pHလျော့ချနိုင်ပါတယ်။

skysky
skysky 638 လွန်ခဲ့သော ၇ နှစ် က

စိုက်လို့ရပါတယ်နုန်းမြေဆိုပိုကောင်းပါတယ်သရက်နဲ့phအကြိုက်တူပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

သံပုရာစိုက်ချင်လို့ပါ စီးပွားဖြစ် တဧကဆိုရင် အဆင်ပြေမလားခင်ဗျ

ဖြေကြားချက် 2 ခု

သံပုရာပင်ကအသီးနည်းပြီးအရွက်ကလေးတွေမသန်လို့ပါ အာ့တာဘာဖြစ်တာလဲမသိဘူးရှင် ပြောပြပေးပါ

ဖြေကြားချက် 3 ခု

အကိုင်းတွေမှာဂွမ်းလုံးလေးလို ပိုးအိမ်တွေ့တယ် ဆွဲကြည့်တော့ ပင့်ကူမြှင်သဏ္ဍန်လက်နဲ့ဖျစ်ညှစ် တော့အရည်မဲမဲ ဘာပိုး...

ဖြေကြားချက် 3 ခု

သံပုရာ အပင်ကို မိုးဦးမှာ စိုက်လို့ရလား မကွေးတိုင်း အောင်လံမြို့နယ်ကပါ အပူပိုင်းဒေသမှာ စိုက်ပျိုးလို့ရလား

ဖြေကြားချက် 1 ခု

မရမ်‌းပင်‌ကပျိုးရင်‌ ၃ ဆိုတာက ရက်‌လား /လလား ‌နောက်‌ကဘာမှမပါလို့ မရမ်‌းပျိုးပင်‌‌ပေါက်‌ အငယ်‌ဆုံးအရွယ်‌ပုံလို...

ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။