ဖြေကြားချက် ၁ ခု
စပါးမျိုးပေါင်း လို့ဆိုတဲ့ အခါ ဖြေဘို့ နည်းနည်း ခက်တယ် Defiantly data တော့ DAR Rice Department မာတော့ data တိကျ တဲ့ ကိန်ဂဏန်း ရှိမယ်. Technically ပြောရရင် ၁) တောင်ယာစပါး ၂) လယ်စပါး( မိုးကောင်းသောက်) လယ် စပါး( ဆည်ရေသောက်) ၃) မုယင်းစပါး ၄) ရေကျ နောက်စိုက်စပါး ၅) နွေစပါး ၆) မိုးကြိုစပါး ၇) ရေနက်စပါး တို့ ဆိုပြီးခွဲ ခြားနိုင်ပါတယ် မိုးစပါး မျိုးတွေကို ဆောင်းမှာရော တောင်ယာ မှာရော ရေကျနောက်စိုက်မှာရော ဆည်ရေသောက် မှာရော မိုးကြို မာရော စိုက်နိုင်ပါတယ် ရာသီကာလ ကိုကြည့်ပြီး ရှေးက လယ်သမားတွေကတော့ ရာသီစပါး သက်တမ်းစပါး ဆိုပြီး ခွဲနိုင်တယ် ရာသီစပါးကတော့ ဘယ်လ မာဘဲစိုက်စိုက် သူ့ ရာသီရောက်ရင် ပန်းပွင့်မယ် နို့ရည်တည်မယ် စပါးဆန် ကဖြစ်လာမယ် ဥပမာ ပေါဆန်း တောင်ထိပ်ပန်းစပါးမျိုး ဆိုရင် တန်ဆောင်မုန်းလဆန်းရက်ရောက်တာနဲ့ ပန်းပွင့်ပါတယ် တခါ သက်တမ်းစပါးကျတော့ သက်တမ်းပေါ်မူတည်ပီး ပန်းစပွင့်တယ် ဥပမာ ရွှေဝါထွန်း မျိုးဆို ၁၄၅-၁၅၀ ရက် အသက်ဆိုရင် ၈၅ ရက် ရောက်ရင်သူပန်းစပွင့်ပါတယ် သနပ်ပင် ဘက်မာဆိုရင် ရေနက်စပါး မျိုး စိုက်တယ် ရေကျနောက်စိုက် စိုက်ပျိုးကြတယ် ရေနက် စပါး ဒေသမျိုးမာ ရွှေတဆုပ် တတောင်ဗိုလ် မျိုးများဟာ ရေဘယ်လောက်နက်နက် ခံနိုင်တယ် kneel ability လို့ခေါ်တဲ့ ရေထဲကနေ ဒူးထောက်ပီး ရေပေါ်ပြန်တက်လာတယ် နောက်ကျတော့ ရေဆင်း ဆန်စပါးဌာနကနေ ရေနက်စပါး မျိုးများ ထုတ်လာကြတယ် ရေနက်၁,၂,၃,၄,၅ အစရှိတဲ့မျိုးများ တောင်ယာစပါးမာတော့ ဒေသမျိုး များ ခံနိုင်ရည်ရှိ တယ် ခုနောက်မာ တောင်ယာ စပါးမျိုး အကွက်ကောင်းမျိုးများကို ထုတ်လာကြတယ် မိမိရေ မြေ ရေကြီးနစ်မြုပ်မှု မိုးခေါင်မှု ရေရရှိတဲ့ပေါ်မူတည်ပီး စိုက်ပျိုးလာကြတယ် အကောင်းဆုံးကတော့ ရေကြီးလာတယ် မိုးခေါင်လာတယ် လာနီညာ အယ်နီညို ကျရောက်မှု သတင်းများ အစရှိတာတွေ လ့လာပီးမ. သကိတမ်းတိုတဲ့မျိုး စိုက်ဘို့ အကြံပြုပါတယ် စပါးမျိုးများ အသက်ရက်များ ကို နောက်တကြိမ်မာ ဖော်ပြပေးပါမယ် ခ page ထဲရေးရတာ နဲနဲခက်လို့ပါ နည်းလမ်းတွေကတော့ ပျိုးထောင်စိုက် ကြဲခင်း အခြောက်စိုက်ခင်း SRI ပျိုးသက်နု စိုက်ပျိုးနည်း တောင်ယာ မာစူးထိုးစိုက်နည်း ခု စပါးစိုက်စက်များ စက်မှုလယ်ယာ မာ ငှားစိုက်ကြတယ် သေချာတာကတော့ ကြဲခင်းက. ပျိုးထောင်စိုက်ခင်းထက် တပါတ်စော ပေါ်တယ် နွေစပါး မာစိုက်ရင် မိုးစပါးထက် အသက် ၇-၁၀ ရက် စော ရိတ်သိမ်းနိုင်ပါတယ်
ဆက်စပ်မေးခွန်းများ
ရွှေရင်အေးစပါးမျိုးကို နွေရော မိုးပါ စိုက်ပျိုးလို့ရပါသလား. စပါးမျိုး ဈေးနှုန်းနဲ့ ဝယ်ယူလို့ ရနိုင်မဲ့ နေရာလဲ...
ဖြေကြားချက် 1 ခု
ရွှေနံ့သာ ပေါ်စန်း စပါးမျိုးကို သီးထပ်နွေစပါးစိုက်ပျိုးလို့အဆင်ပေပါ့မလား စိုက်ပျိုးဘူးတဲ့ ကျေးဇူးရှင်များ ကျေး...
ဖြေကြားချက် 12 ခု
ရေအနည်းလို(၇)မျိုးစပါးရဲ့သက်တမ်းနှင့်ထွက်နှုန်းလေးပြောပြပါ
ဖြေကြားချက် 0 ခု
ပြည်တော်ရင် မိုးစပါးစိုက်ခြင်လို့ပါ ဘယ်လိုစိုက်ပျိုးရမလည်း သိ့ခြင်ပါတယ်
ဖြေကြားချက် 1 ခု
ယခုပေါ်နေသော စွာနာ ဆိုသောစပါးမျိုးသည် သက်တမ်းမည်မျှရှိပါသလဲ ခင်ဗျာ
ဖြေကြားချက် 3 ခု