ဖြေကြားချက် ၆ ခု
2-4 Dဆိုတဲ့ ပေါင်းသတ်ဆေး တမျိုးဟာ Dicots အပင်တွေ ရွက်ကြောယှက်အပင် တနည်းအားဖြင့် စေ့ရွက်စုံပင်တွေကို သတ်တာပါ။ Monocots လို့ခေါ်တဲ့ စေ့ရွက်ထီးပင်ဖြစ်တဲ့ စပါး၊ ပြောင်း၊ စတာတွေကိုတော့ မသတ်ပါဘူး။ ဗဟုသုတအဖြင့် 2-4 D ဆိုတာကတော့ 2,4 - Dichlorophenoxy Acetic Acid ဖြစ်ပြီး အောက်ဇင် ဟော်မုန်းအုပ်စုဝင် ဟော်မုန်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် အောက်ဇင် အုပ်စုဝင်တိုင်း အဲ့လို ပေါင်းသတ်စေတာတော့ မဟုတ်ပါဘူး။ ဥပမာအားဖြင့် N.A.A နက်သလင်းအက်စီတစ်အက်စစ် လို့ အသိများတဲ့ ဟော်မုန်းက အမြစ်ကြီးထွားဟော်မုန်းပါ။
ဟုတ်ကဲ့ပါ။ အခုလိုဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အစ်ကိုကို ပါဝင်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က နည်းပညာတွေကို အားလုံးပါဝင်ဆွေးနွေးစေချင်တာပါ။ အစ်ကိုရဲ့ ဗဟုသုတ၊ အတွေ့အကြုံတွေကို အခြားသူတွေကို မျှဝေပေးရင်း ဝင်ရောက်ဆွေးနွေးပါလို့ တောင်းဆိုပါရစေ။ ကျေးဇူးတင်လျှက် Green Way
အကြောင်းပြန် နောက်ကျသွားတာ ခွင့်လွတ်ပါနော်။ ကုမ္ပဏီမှာ လုပ်နေတဲ့ ဆရာတစ်ယောက်ဆီကို မေးပေးနေလို့ပါ။ (၁)(1)ဂလိုင်ဖိုဆိတ်က ပင်လုံးပြန်အမျိုးအစားထဲမှာ ပါပါတယ်။ စိမ်းရောင်ခြယ် ဆဲလ်တွေကို သက်တဲ့အတွက်ကြောင့် အစိမ်းရောင်အပင်မှန်သမျှ အကုန်သတ်ပါတယ်။ ဒီတော့ မြက်ခင်းတွေ၊ စိုက်ခင်းထဲက အပင်တွေ အကုန်သတ်ချင်တဲ့အခါမှာ သုံးပါတယ်။ (2)ဂရမ်မိုဇုမ်း က ထိသေ အမျိုးအစားပါ။ သူနဲ့ထိတဲ့ အပင်မှန်သမျှ အကုန်သေပါတယ်။ ဒီတော့ မျိုးစေ့အပင်မပေါက်သေးခင် ပေါင်းပင်တွေ သက်ချင်တဲ့အချိန်မျိုးတွေမှာ ဖြန်းနိုင်ပါတယ်။ (3),တူး ဖိုး ဒီ ကတော့ စပါးချွေးချယ် ပေါင်းသတ်ဆေးအမျိုးအစားပါ။ စပါးပင်ကလွှဲရင် အကုန်သတ်ပါတယ်။ အထူးသဖြင့် ရွက်ဝိုင်းပေါင်းပင်တွေကို သတ်ပေးပါတယ်။ ဒီတော့ ကိုယ့်စိုက်ခင်းနဲ့ အပင်အခြေအနေကို ပြန်ချင့်ချိန်ပြီး ဖြန်းဖို့ အကြံပြုလိုပါတယ်။ Green Way အနေနဲ့ အကြံပြုလိုတာကတော့ ဖြစ်နိုင်မယ်ဆိုရင် ပေါင်းသတ်ဆေးမသုံးလိုပါဘူး။ ပတ်ဝန်းကျင်အတွက်၊ ဂေဟစနစ်အတွက်သာမက လူ့ကျန်းမာရေးအတွက်ပါ ဆိုးကျိုးပေးပါတယ်။ မဖြစ်မနေဖြန်းတော့မယ်ဆိုရင်တော့ ဒီလင့်မှာပါတဲ့ ဗီဒီယိုလေးကို ကြည့်စေချင်ပါတယ်။ http://greenwaymyanmar.org/article/142 ကျေးဇူးတင်ပါတယ်။
ဆက်စပ်မေးခွန်းများ
စပါးပန်းပွင့်ချိန်မှာ ရေပြတ်ရင် အထွက်လျော့လား
ဖြေကြားချက် 2 ခု
Agricultura နဲ့ဆိုင်တဲ့ Combine harvester တွေရဲ့အကြောင်းသိချင်ပါတယ် မြန်မာနိုင်ငံမှာလက်ရှိသုံးနေတဲ့..စက်တွေရဲ့...
ဖြေကြားချက် 1 ခု
ရေပြတ်လို့စပါးပင်တွေဝါပြီးပင်မပွားနိုင်တာကိုဘယ်လိုပြုပြင်ရမလဲဗျာ
ဖြေကြားချက် 2 ခု
စပါးသီးနံမှာ urea ကို မြေခံထည့်သင့်သလား
ဖြေကြားချက် 1 ခု
ပြောင်းဖူးမျိုးစေ့ ကောင်းမကောင်း ဘယ်လိုသိနိုင်မလဲ
ဖြေကြားချက် 1 ခု