ဖြေကြားချက် ၁ ခု
ရောဂါများ ဖြစ်ပွားရခြင်း --------- အကြောင်းရင်းအများစုမှာ- ရောဂါကျဖူးသော မြေတွင် ပြန်လည်စိုက်ပျိုးုခြင်း၊ ရောဂါပါနေသော အပင်အစိတ်အပိုင်း၊ မျိုးစေ့များကို ပြန်လည်အသုံးပြုခြင်း၊ ရောဂါကျအပင်မှ မျိုးစေ့ခံ၍ အသုံးပြုခြင်း၊ ရောဂါခံနိုင်ရည်ရှိသော မျိုးကို အသုံးမပြုခြင်း စသည်တို့ကြောင့် ဖြစ်သည်။ ခရမ်းချဉ်ပင်ညှိုးရောဂါ (Bacterial wilt of Tomato) ------- ရောဂါလက္ခဏာ >>>> အပင်ထိပ်ဖျား အရွက်များ ညှိုးငိုက်လာပြီး ၂-၃ရက်အတွင်း တစ်ပင်လုံး ညှိုးကျသွားခြင်း ရောဂါကျပင်စည်ကို ကန့်လန့်ဖြတ်ပြီး ရေဖန်ခွက်ထဲ ပြောင်းပြန်ထည့်ကြည့်ပါက အဖြူရောင် ဘက်တီးရီးယားများ ပင်စည်ဖြတ်ရာနေရာမှ စိမ့်ထွက်လာခြင်း ကာကွယ်နှိမ်နှင်းနည်း >>>>>> သီးထပ်မစိုက်ပျိုးခြင်း မြေလှပ်ထားခြင်း ရောဂါကင်းသောမျိုးသုံးခြင်း ခရမ်းချဉ် ဖျူစေရီယမ် ပင်ညှိုးရောဂါ---------- ရောဂါလက္ခဏာ >>>>>>>>> အောက်အရွက်များဝါခြင်း၊ ညှိုးခြင်း၊ အရွက်ကြွေခြင်း၊ ကျန်အရွက်များတွင် ရွက်နားခြောက်ခြင်း စသည့်လက္ခဏာများကို အပင်၏ တစ်ခြမ်း သို့မဟုတ် ကိုင်းတစ်ချို့တွင် ဖြစ်ပေါ်ပြီး ကျန် အစိတ်အပိုင်းများတွင် ရောဂါလက္ခဏာ မပြဘဲ ရှိတတ်သည်။ ရောဂါကျ ပင်စည်ကို ကန့်လန့်ဖြတ်ပိုင်းကြည့်လျှင် အညိုရောင်ပြောင်းနေသော အစာရေကြောစည်းကို တွေ့နိုင်သည်။ ပျိုးပင်အဆင့်- ရောဂါလက္ခဏာပြပြီး မကြာမီ အပင်တစ်ပင်လုံး ညှိုး၍ သေခြင်း အပင်ငယ်အဆင့်- အရွက်နုများ၏ ရွက်ကြောများ ထင်ရှားလာခြင်းနှင့် အရွက်ရင့်များတွင် အညှာမှ ငိုက်ကျလာခြင်း အပင်ကြီးအဆင့်- ရောဂါပြင်းထန်ပါက ရုတ်တရက် ညှိုးသေဆုံးခြင်း ကာကွယ်နှိမ်နင်းနည်း >>>>>> ရောဂါခံနိုင်ရည်ရှိသောမျိုး ကို သုံးခြင်း ရောဂါကင်း၍ သန်စွမ်းသော မျိုးစေ့နှင့် ပျိုးပင်ကို သုံးခြင်း Trichoderma harzianum ကိုသုံး၍ ဇီဝနည်းဖြင့် နှိမ်နင်းခြင်း စိုက်ပျိုးမြေကို ပလတ်စတစ်အကြည်စ ဖုံးအုပ်ခြင်း ( နေရောင်ခြည်မှ အပူဓါတ်ရရှိကာ ရောဂါဖြစ်ပွားမှုကို လျော့နည်းစေသည်။) REF : FSWG အပင်တွင်ကျရောက်သော ရောဂါများ
ဆက်စပ်မေးခွန်းများ
မှော်ဘီဘက်မှာ သံပရာစိုက်တယ် (ဟော်လန်သံပုရာမဟုတ်) ဖေဖော်ဝါရီလထဲမှာ အပွင့်ပွင့်ပြီး အသီးမတင်ဘူး အသီးတင်အောင် ဘယ်...
ဖြေကြားချက် 8 ခု
သခွားသီး စိုက်ပျိုးနည်း၊ စိုက်ရမည့် မြေအမျိုးအစား၊ ရာသီဥတု၊ အချိန်အခါ စသဖြင့် စုံလင်စွာ သိရှိလိုပါသည်။
ဖြေကြားချက် 1 ခု
စပယ်ပင် စိုက်ပျိုးနည်း နဲ့ ဘယ်လို ပြုစုပျိုးထောင်၇မလဲဆိုတာ သိချင်ပါတယ်။ စပယ်ပင်စိုက်ရင်လဲ EM ဖျော်ရည် အသုံးပြု...
ဖြေကြားချက် 1 ခု
နဂါးမောက်ပင် စိုက်လျင် ဘယ်မျိုးကအကောင်းဆုံးလဲ အပင်တစ်ရာစိုက်ပျိုးလျင် မြေဧကဘယ်လောက်အကျယ်ရှိရမလဲ မျိုးဝယ်လျင်...
ဖြေကြားချက် 1 ခု
အစ်ကိုရေ သခွားပင်နဲ့ ပတ်သက်တာလေးတွေ နည်းပညာ ၊ စိုက်ပျိုးနည်း၊ မြေပြုပြင်ပုံ၊ အားဆေး၊ ပိုးသတ်ဆေး၊ စတာလေးတွေ တင်...
ဖြေကြားချက် 1 ခု