အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
SharHtet
SharHtet 1,685
လွန်ခဲ့သော ၇ နှစ် က · ပန်းတနော်

မြေဆွေးနဲ့ နွားချေးကို ပေါင်းစပ်ပိ အာဟာရလုပ်လို့ရပါ့သလားခင်ဗျာ လုပ်လို့ရရင်လည်း ဘယ်လို လုပ်ရပါ့သလည်းဆိုတာကိုရှင်းပြပေးပါ့လား ခင်ဗျာ ကျေးဇူးပြု၍

Post image
Post image
Post image
9

ဖြေကြားချက် ၉ ခု

ယောရှိန်းအောင်
ယောရှိန်းအောင် 9,357 လွန်ခဲ့သော ၇ နှစ် က

နွားချေးမှုန့် တစ်တင်းကို ပုလဲ တစ်ပြည် နဲ့ ရောလိုက်ပါ။ ပလတ်စတစ်နဲ့ လေလုံအောင် တစ်ရက်အုပ် လိုက်ရင် စိုက်ခင်းထဲ သုံးလို့ရပါတယ် ။

SharHtet
SharHtet 1,685 လွန်ခဲ့သော ၇ နှစ် က

ကေိးဇူးပါဗျ

SharHtet
SharHtet 1,685 လွန်ခဲ့သော ၇ နှစ် က

ကေိးျဇူးပါဗျ

SharHtet
SharHtet 1,685 လွန်ခဲ့သော ၇ နှစ် က

မဟုတ်ဘူး အရည်မဟုတ်ဘူး အမှုန့်သဘောမျိုးပေါ့နော် ဘယ်လိုပေါင်းစပ်လို့ရပါသလား ကျေးဇေးတင်ပါတယ်ဗျ ဖြေပေးလို့

Myo Myint
Myo Myint 523 လွန်ခဲ့သော ၇ နှစ် က

နွားချေးကိုပုလဲးနဲ့ရောသုံးရင်းအရှင်ပြေမလားဗျ

ယောရှိန်းအောင်
ယောရှိန်းအောင် 9,357 လွန်ခဲ့သော ၇ နှစ် က

နွားချေးအစိုကို ထန်းလျက် နဲ့အချိုးကျရောမွှေပြီး အဖုံးလုံတဲ့ ကော်ပုံးထဲထည့် သုံးရက်တစ်ကြိမ်မွှေ လို့ တစ်လပြည့်ပြီဆို ရေအဆတစ်ထောင်နဲ့ ရော ပြီး အပင်ခြေကိုဖြန်းလို့ရပါတယ်

မင်းဟိန်းခန့်
မင်းဟိန်းခန့် 350 လွန်ခဲ့သော ၇ နှစ် က

ထမင်းကိုသကြားနဲ့နယ်ပီး အသိုးခံထားပါ။ မြေဆွေးနဲ့နွားချေးကို ၂း၁ ရောမွှေပါ။ ထမင်းသိုးကို မြေဆွေးပုံပေါ်တင် မိုးကာနဲ့အုပ်ထားပါ။ ပိုကောင်းတဲ့နွားချေးမြေသြဇာရပါပီ

သိမ့်ဇာ
သိမ့်ဇာ 79,225 လွန်ခဲ့သော ၇ နှစ် က

အစိမ်းရောင်လမ်းရဲ့ စိုက်ပျိုးနည်း ထဲက မြေဆီလွှာနဲ့ အပင်အာဟာရမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်

ကျော်ဇံ
ကျော်ဇံ 13,605 လွန်ခဲ့သော ၇ နှစ် က

တွဲသုံးလို့ရပါတယ်။ နွားချေးကတော့ ဆွေးတဲ့ နွားချေးဆို ပိုကောင်းပါတယ်။ မဆွေးရင် ပူသလို ပေါင်းလည်း ပေါက်လာလိမ့်မယ်။ အဟာရလုပ်မယ်ဆိုတာ ဘာကို ဆိုလိုတာလဲ သိချင်ပါတယ်။ အဟာရရည်လုပ်တာမျိုးကို ပြောတာလား

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။