ဖြေကြားချက် ၂ ခု
သုံးရတာ အဆင်ပြေလားဗျ
အစိမ်းရောင်လမ်းကို ဖွင့်လိုက်တာနဲ့ အောက်ခြေမှာ ခလုတ်သုံးခုရှိပါတယ်။ အိမ်ပုံလေးရယ်၊ ကိုယ့်ပုံရယ်၊ ခေါင်းလောင်းပုံလေးရယ်ပါ။ အိမ်ပုံမှာတော့ စိုက်ပျိုးရေးမွေးမြူရေး၊ သတင်း၊ အမေးအဖြေစတဲ့ကဏ္ဍတွေ ပါပြီး ကိုယ့်ပုံလေးကတော့ ကိုယ်နဲ့သက်ဆိုင်တဲ့အချက်အလက်တွေ ဖော်ပြပေးတဲ့စာမျက်နှာပါ။ ဥပမာ အသုံးဝင်သော လိပ်စာများကို နှိပ်လိုက်ရင် ရမ်းဗြဲမြို့နယ်က ဖြစ်တဲ့အတွက် ရမ်းဗြဲမြို့နယ်ရဲ့ စိုက်ပျိုးရေးဖုန်းနံပါတ်တွေ ဖော်ပြပေးထားပါတယ်။ စိုက်တဲ့သီးနှံရှိရင် သီးနှံ စိုက်ပျိုးနည်းလမ်းညွှန်တွေကို ရမ်းဗြဲမြို့နယ်အတွက် ဖော်ပြပေးထားပါတယ်။ ခေါင်းလောင်းကတော့ အသိပေးချက်ပါ။ အခုဖြေဆိုထားတာရဲ့ အသိပေးချက်ကိုလည်း ခေါင်းလောင်းကို နှိပ်ရင် အစီစဉ်လိုက် ပြပေးနေပါလိမ့်မယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သီဟိုဠ်ပင်ကို ဘွန်စိုသ်းအနေနဲ့စိုက်ချင်လို့ပါ ဒါမှမဟုတ် ဘွန်ဆိုင်းနည်းပညာတွေရှိရင်လဲ အခြေခံကစပြီးသိချင်ပါတယ်
ဖြေကြားချက် 5 ခု
အုန်းခွံမီးသွေး ပြုလုပ်ရာတွင်သုံးပြုသည့် စည်ပိုင်းက ပိုက်လုံးလို နှစ်ဘက်လုံးပွင့်ဆိုတော့ အုန်းခွံဘယ်လိုထည့်မလဲ...
ဖြေကြားချက် 3 ခု
ခုအချိန် သီဟိုဠ်အပင်တွေကို ရေတင်ပေး သွင်းပေးလျင် ကောင်းမလား
ဖြေကြားချက် 5 ခု
ရှမ်ပြည်နယ်တောင်ပိုင်ရပ်စောက်ဘက်ကမြေမျိုးမှာသီဟိုဠ်စိုက်ပျိုးလို့ရပါသလား
ဖြေကြားချက် 4 ခု
သီဟိုပန်းပွင့်ချိန်နဲ့ပန်းမပွင့်သေးခင်မှာအဖူးများအညွန့်များခြောက်ပြီးအဒီနှစ်အတွက်အသီးလုံးဝမတင်တာကိုကျွမ်းကျင်သ...
ဖြေကြားချက် 2 ခု