အပင်ကခါးယိပြီးသေနေပါတယ် ဆရာ
ငရုတ်မှာ ဘက်တီးရီးယားပင်ညှိုးရောဂါ၊ ဖျူ စေရီယမ်ပင်ညှိုးရောဂါတွေကြောင့် ခါးရိသေတတ်သလို အစိုဓာတ် အရမ်းများလွန်းရင်လည်း ခါးရိပြီးသေဆုံးတတ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုတာနဲ့ ပထမဦးဆုံးလုပ်ရမှာက ရေဖြတ်ပေးပါ (ရောဂါ အနေအထားကြည့်ပြီး ရေဖြတ်ရမည့်ကာလ ကွာခြားနိုင်ပါတယ်။ အနည်းဆုံးတော့ ၁-၂ ရက်ဖြတ်ရပါမယ်)။ ပြီးတာနဲ့ သင့်တော်ရာ ရောဂါသတ်ဆေးတစ်မျိုးမျိုးကို အနည်းဆုံး နှစ်ကြိမ်ခန့်ဖျန်းပေးသင့်ပါတယ်။ ရောဂါသက်သာသွားပြီဆိုမှ အပင်အားဆေးကျွေးပေးမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။
ရောဂါသည် သွေင်းခြင်းနှင့် ရောဂါကျရောက်နေသောမျိုးစေ့ကနေ ပျံ့ပွားနိုင်ပါတယ်။ ထို့ကြောင့် မစိုက်ခင်မျိုးစေ့ကို ceresin (သို့) 1%Bordeaux mixture နဲ့လူးနယ်ပြီးစိုက်ပျိုးနိုင်ပါတယ်။ အစိုဓာတ်များတဲ့အချိန်မှာ ရောဂါပိုကျရောက်နိုင်လို့ ပင်ပိုင်းကြီးထွားတဲ့အဆင့်မှာ ရေအများကြီးသွင်းခြင်းကိုရှောင်ရပါမယ်။ အစိုဓာတ်လျော့ကျဖို့ရန် လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်ကောင်းစွာရအောင်လုပ်ပေးရပါမယ်။ သီးနှံအကြွင်းအကျန်တွေမှာ ခိုအောင်းနိုင်လို့ ရိတ်သိမ်းပြီးနောက် သီးနှံအကြွင်းအကျန်တွေကို ဖယ်ရှားဖျက်စီးပြစ်ရပါမယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငရုတ်ပင်...ခါးရိနေတာလား... အဲလိုဖြစ်ပီးသေနေလို့... ဘာဆေးသုံးရလဲ....???
ဖြေကြားချက် 1 ခု
ငရုတ်မှာခေါင်ပုပ် ခါပုပ်ကျနေလို့ဘာဆေးသုံးရမလဲ
ဖြေကြားချက် 2 ခု
ပျိုးပင်က အပင်ညိုးနွမ်း ခါးရိပီးသေနေလိုဘယ်လိုလုပ်ရမလည်ဆရာသမားတို့လင်းပြပါအုန်း
ဖြေကြားချက် 5 ခု
ငရုပ်ပင်ကခုအရွယ်ရောက်နေပီကျိုးကျိုးကုန်တာဘာလို့လဲဗျအပါ်ကတော့အရိပ်စဥ်မိုးထားတယ်နေရောင်မရလို့လားဘာလို့လဲဆိုတာ...
ဖြေကြားချက် 4 ခု
ငရုတ်ခါးရိရောဂါအကြောင်
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။