ငရုတ်ပင်ဘာဖြစ်နေတာလဲ သိတဲ့သူများဖြေကြားပေးကြပါ အသီးလဲ မသီးဘူးဖြစ်နေတယ်ဗျ ဟုတ်
ဟုတ်ကဲ့ပါ ငရုတ်ပင် မာ Virus disease ဖြစ်နေတာ ဖြစ်ပါတယ် အကြောင်းရင်းက ရောဂါဖြစ်စေသော ဖြုတ်ပိုး စုပ်စားပိုး တွေ ဝင်ရောက် ပြီး ငရုတ်ပင်ကို စုပ်ယူစားသောက်ရာမာ ပါးစပ်ကနေ ဗိုင်းရပ်ရောဂါ ပိုး ထိုးသွင်း လိုက်တာ ဖြစ်ပါတယ် အရပ်အခေါ် တော့ ငရုတ်ပင် နူသွားပါတယ် ရောဂါကျရောက်မှု များလာရင်တော့ အပင်ကိုနှုတ်ယူ မီးရှို့ ဖျက်စီးရပါမယ် ရောဂါ ကျမှု သိပ်မများသေးခင်မာ ဆိုရင် အပင်ကို ပင်လုံးပျံ့ ပိုးသတ်ဆေး ဖျန်းရပါမယ် ခုပုံမာ မြင်တွေ့ရတဲ့အဆင့်ကတော့ ရောဂါ ပြင်းထန် အဆင့်ပါ အကောင်. ကျန်ရှိသော ငရုတ်ခင်း ကို Systematic pesticides ဖျန်းပေးပါ ပြင်းထန်နေသော အပင်ကိုသေချာစွာ နှုတ်ယူ မီးရှို့ပါ ပြန်မစိုက်ခင်မာ ငရုတ် မျိုးစေ့ကို ဟိုမိုင်း တော့ပဆင် အစရှိ ဆေးများလူးနယ်စိုက်ပါ ရိုးပြတ်ခင်း မီးရှို့ပေးပါ ငရုတ်မျိုးရင်းဝင် ခရမ်း ခရမ်းချဉ် ငရုတ် များ နှစ်စဉ် ဆက်တိုက် မစိုက်ဘဲ သီးလှည့်စနစ် စိုက်ပါ ဆိုလိုတာက. ပဲမျိုးများ နေကြာ များ အခြားသီးနှံများ အလှည့်ကျ စိုက်ပျိုးပါ
ဆက်စပ်မေးခွန်းများ
ပုံပါအတိုင်းငရုပ်ပင်မှပိုးဝင်နေပါတယ် ဘယ်လိုဆေးမျိုးဖျန်းရမလဲဆိုတာ အကြံလေးပေးပါ ခင်ဗျာ
ဖြေကြားချက် 1 ခု
မွှားပင့်ကူ အရွက်ပြန့်ဆေး မည်သည့်ဆေးသုံးွှန်ညွှနပေးပါအုံးဗျ
ဖြေကြားချက် 4 ခု
ဆေးနည်းလမ်း ညွှန်ပေးစေချင်ပါတယ်
ဖြေကြားချက် 0 ခု
အသီးမှာညိုကွပ်ဖြစ်နေလိုဘဆေးသုံးရမလဲ
ဖြေကြားချက် 2 ခု
ကျွန်တော်အဲလိုဖြစ်နေလိုဆရာတို့ဆေးနည်အမြန်ပေးကြပါအုံ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။