အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
,လွမ်းရိပ်ချို
လွန်ခဲ့သော ၇ နှစ် က · မြို့သစ်

ခြောက်လ မာလကာစိုက်ပျိုးနည်း သိချင်လို့ပါ

စိုက်ပျိုးနည်း မာလကာ
2

ဖြေကြားချက် ၂ ခု

ကိုဆွေ
ကိုဆွေ 11,566 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးပါ အခုလို သိသင့်တာတွေ ပြောပြပေးပါ။

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,046 လွန်ခဲ့သော ၇ နှစ် က

အကိုတစ်ယောက်ရေးထားတာ တိုက်ဆိုင်လို့ ပြန်ပြောပြတာပါ။ ၆လသား အသီးသီးတယ် ပျိုးရောင်းတဲ့ လူအတော်များ လက်သုံးစကားပေါ့နော်။မလကာက ၆လမျိုး ၆လကျော်တာနဲ့သီးတယ်။ပျားလိမ္မော်ဆို ၃နှစ်အသီးရပြီ။ယိုးဒယား ပိန္နဲ ၃နှစ်တောင်မနေဘူး သီးတယ် စသဖြင့် ရောင်းလေ့ရှိပါတယ်။ကျွန်တော် သူတို့လိမ်ရောင်းနေတယ် လို့မပြောပါဘူး။အမှန်က ၆လ ဆိုသီးတာက အသီးစမ်းတာပါ။၃နှစ်သီးတာလည်း ထိုနည်းဌင်းပါပဲ။ ကျွန်တော် ပြောတာ ဟုတ်မဟုတ် နောက်ဆက်တွဲပြသနာတွေနဲ့ ရှင်းကြချင်ပါတယ်။မာလကာ ၆လမျိုး အပင်တွေမှာ များသောအားဖြင့် မြေထုပ်ဆည်းအပင်တွေများပါတယ်။အစေ့ပျိုးက ၁နှစ်ကျော်မှသီးပါလိမ့်မယ်။မာလကာ အပင်သဘောက အညွန့် တလတညွန့်ထွက်ပါတယ်။အညွန့်ထွက်တိုင်း ပန်းပြပြီး အသီးသီးပါတယ်။အပင်တို့ရဲ့သဘောသဘာဝက သူ့အချိန်မဟုတ်ပဲ သူ့အရွယ်နဲ့ မလိုက်တဲ့အသီးဆို သူ့ဟာသူ ခြွေချသလို လူအကူညီနဲ့ခြွေရပါတယ်။အသီးကို မချိမဆန့် အပင်သက်တန်းမပြည့်ပဲ ယူမယ်ဆိုရင် အပင်သေတဲ့အထိ ဖြစ်တတ်ပါတယ်။သိသာတဲ့ ဥပမာပေးရမယ်ဆိုရင် လိမ္မော် ကော်ဖီ သံပုရာကို ပေးရပါလိမ့်မယ်။ပျားလိမ္မော် တပင်အကြောင်းအရင်ပြောမယ်ဆိုရင် ၂လမှာတကြိမ် ရွက်နုထိုးလေ့ရှိပါတယ်။အင်္ဂလိပ်လများနဲ့ပြောမယ်ဆိုရင် ဇန်နဝါရီ မတ် မေ ဇူလိုင် စက်တင်ဘာ ဆိုပြီး ထွက်ပါတယ်။စက်တင်ဘာလ နဲ့ ဇန်နဝါရီလ မှာ အအေးဓာတ်ပိုမှုကြောင့် အရွက်နုထွက်ညံ့တတ်တယ်။မတ်လရွက်နုနဲ့ ဇူလိုင်လ ရွက်နုနဲ့အတူပါတတ်တဲ့ ပန်းကို အသီးယူလေ့ရှိတယ်။ဒါပေမယ့် အပင်သက်တန်း၃နှစ်ကနေ ၅နှစ်အတွင်း အသီးကို အရေအတွက် ကန့်သတ်ပြီး ယူကြရတယ်။အဲဒီမှာ လိမ္မော်စ်ုက် အဖွဲ့တွေပြောနေကျ Body weigh မျှတမှုဟာ အရေးပါလာပါပြီ။အပင်သက်တမ်းနဲ့ သိပ်မဆိုင်လှပါဘူး။အပင်ပြုပြင်ထိန်းသိမ်းကောင်းမွန်မှု အပင်လုပ်ဆောင်နိုင်မှု အပေါ်အခြေခံကျလာပါတယ်။အပင်ဟာ ၂နှစ်အတွင်း ၄ပေအထက်ဖြစ်နေမယ်ဆို အသီး ၁၀လုံး အပင်အမြင့် ၅ပေ ၆ပေ အပင်တက်နှုန်းကောင်းပြီဆို အလုံး ၃၀-၅၀ အပင်သက်တန်း ၄နှစ်အထက် အပင်အလုပ်လုပ်နှုန်းပြည့်စုံမှ အလုံး၁၀၀ နောက်ပိုင်း ၅နှစ်ကျော်မှ အပင်သီးနိုင်သလောက် ထားလေ့ရှိပါတယ်။ တကယ်လို့ အခုကျနော်ပြောသလို မဟုတ်ပဲ ပန်းပွင့်တိုင် အသီးသီးတိုင်း အသီးယူမယ်ဆို အသီးအရည်အသွေး အပင် ကြီးထွားမှု အပင်သက်တန်း ကအစ ဘယ်လိုမှ ယှဉ်နိုင်မှုမရှိပါဘူး။အဆိုးဆုံးက Dieback အပင်သူငယ်ပြန်ပြသနာကို ရင်ဆိုင်ရပါလိမ့်မယ်။ ဥပမာ ဆိုကြစမ်းဆိုရင် အသက်မပြည့်ပဲ ကလေးမွေးခိုင်းသလို ဖြစ်ပြီး အပင်မတက် တဲ့အပြင် သေတဲ့အထိ ဖြစ်တတ်တယ်။ ဒီတော့ ပျိုးပင်တွေ အသီးယူမယ်ဆိုရင် အပင်နဲ့ အသီးမျှတအောင်တွေးပါ။ချင့်ချိန်ပါ။အသီးယူတာ အပင်အသက်နဲ့ဆိုင်ပေမယ့် တိတိကျကျ မဆိုင်ပါဘူး ဆိုတာ သိကြပါစေ။ Last Leaf 9.July.2016

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။