ဖြေကြားချက် ၂ ခု
စပါးလင်စိုက်ပျိုးရေးမှာ အလွန်လွယ်ကူသော စိုက်ပျိုးနည်းဖြစ်ပါတယ် သန်စွမ်းနေသော စပါးလင်ရုံ ကြီးကို အမြစ်ပါတူးနှုတ်ယူ ပါ အမြစ် တွေ ခွဲထုတ်ယူပါ အရွက်ထိပ်ဖျားတွေကို ဖြတ်ပေးပါ ပြီးရင် စိုက်ပျိုးမည့် မြေနေရာမာ တပေခွဲ အနက်စိုက်ကျင်းလေး တွေတူးပီး သဘာဝ မြေဩဇာ စက်ဖွဲပြာ နွားချေး တို့ ကြိုတင် မြေနှပ်ထား ပြီးရင် စောစောက စပါးလင် ရုံသေးသေး လေးတေ( အရွက်ဖြတ်ပြီး). များ ချစိုက်နိုင်ပါပြီ မျိုးကတော့ ဒေသ မှာ စိုက်ပျိုး ဖြစ်ထွန်းနေသေယ စပါးလင်မျိုး များပါ စိုက်ပျိုးနေရာတေကတော့ အခင်းပတ်လည် တောင်စောင်း တောင်ခြေ တွေ ခေတ်မီ တောင်စောင်း ( SALT Farm) တေမာ လေကာပင်စိုက်ကြတယ် စျေးကွက်ကတော့ ဒေသ အလိုက် ရှိပါတယ် လှည်းကူးမာ လွန်ခဲ့သော ၁၀ နှစ်ခန့်က စပါးလင်ဆီမွှေးထုတ်တဲ့ စက်ရုံမာ မျိုး အသစ် ပေးပြီး ပြန်ဝယ်ပါတယ် လှည်းကူးမာ မေးယူ ရနိုင်ပါတယ်. ကျမတို့ သိမ်ဇရပ်မာ ခေတ်မီတောင်စောင်းလေကာပင် အဖြစ် စပါးလင်စိုက်ပျိုးရေး နည်းပညာ ပံ့ပိုးပေးခဲ့တာ ရလာတဲ့စပါးလင်ကို သိမ်ဇရပ်စျေးမာ ရောင်းရတာ မိသားစု နေ့စဉ် စားစရိတ် ရရှိပါတယ် မျိုးစေ့ စိုက်ပျိုးခြင်းမဟုတ်ပါ......
ဆက်စပ်မေးခွန်းများ