အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Maung Maung
Maung Maung 174
လွန်ခဲ့သော ၇ နှစ် က · ရွှေဘို

ဂွေးထောက်ပင် စိုက်ပျိုး ပုံ မြေသြဇာကျွေးပုံကျွေးနည်း စသည်များကိုသိလိုပါသည်ခင်ဗျား

စိုက်ပျိုး ရေ ကင်းပွန်းချဉ်
1

ဖြေကြားချက် ၁ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,354 လွန်ခဲ့သော ၇ နှစ် က

https://greenwaymyanmar.com/questions-and-answers/%E1%80%A1%E1%80%95%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9F%E1%80%AC%E1%80%9B/3779 အရင်ဖြေထားတာလေး ပြန်ကိုးကားဖြေလိုက်ပါတယ်။ ဂွေးတောက်စိုက်ပျိုူးနည်း ၁။အစေ့မှပျိူးယူခြင်း ၂။ကိုင်းဖြတ်ပျိူးယူခြင်း ဟူ၍နည်းနှစ်နည်းဖြင့်ပျိူးယူစိုက်ပျိူးနိုင်ပါသည် ၁။အစေ့မှပျိူးယူခြင်း ပျိူးစေ့မျာရကိုရေတနာရီခန့်စိမ်ထားပါ သဲသို့မဟုတ်စက်ဖွဲပြာကိုအရိပ်ကျသည့်နေရာတွင်ဘောင်လုပ်ရေဝအောင်လောင်းထားပြီးရေစိမ်ထားသည့် ဂွေးတောက်မျိူးစေ့ကိုပါးပါးဖြူးပေးပါ ယင်းပျိူးဘောင်လေလုံအောင်ပလပ်စတစ်အကြည်စဖြင့်ဖုံးအုပ်ထားပေးပါ ၃ရက်ခန့်အကြာတွင်အညှောင့်လေးများပေါက်လာပါမည် အညှောင့်ပေါက်လာသည့်ဂွေးတောက်မျိူးစေ့များကိုအသင့်ပြုလုပ်ထားသည့် ၆×၈ပျိူးအိပ်ထဲသို့ပြောင်းရွှေ့ပေးပါအစေ့ကိုအိပ်အပေါ်ယံတွင်အသာချပြီးစက်ဖွဲပြာမရှိပါကမြေသို့သံဲဖြင့်ဖုံးယံသာဖုံးထားပေးပါ ဂွေးတောက်မျိူးအညှောင့်ပေါက်ခါစကိုပျိူအိပ်ထဲမထည့်မှီရေကြိုတင်လောင်းထားပေးရပါမည် ပြီးမှအပေါ်ယံမြေဖွဲပြာစိုယုံလေးရေဖြန်းကရိယာဆေးဖြန်းပုံးတို့ဖြင့်ဖြန်းပေးပြီးအရိပ်အောက်တွင်ထားပေးပါ နေ့စဉ်မြေအစိုအခြောက်ကိုကြည့်ပြီးဆေးဖြန်းပုံးဖြင့်ရေမှုုန်လေးဖြန်းအေးပါ အရိပ်ထဲ၃ရက်ခန့်ထားပါကအပင်လေးများပေါက်လာပါမည်အရွှက်နှစ်ရွှကာခန့်ထွက်လာပါကနေရောင်အောက်သို့ပြောင်းရွှေ့ပေးပါ အပင်အရွှက်၄ ၅ ရွှက်ခန့်ထွက်လာပါကအသင့်ပြုလုပ်ထားသောစိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိူးနိုင်ပါပြီ ၂။ကိုင်းဖြတ်ပျိူးယူစိုက်ပျိူးခြင်း ဂွေးတောက်ကိုင်းအဆစ်တဆစ်လျင်တပင်ပျိူးယူနိုင်ပါသည်အဆစ်မှအောက်သို့၅လက်မခန့်အဆစ်တိုင်းဖြတ်ယူစုဆောင်းပါ ၎င်းအဆစ်တခုစီပါသောဂွေးတောက်ကိုင်းများကို အသင့်ပြုလုပ်ထားသော ၆ ×၈ပျိူးအိပ်များကိုရေဝအောင်လောင်းပြီးပျိူးအိပ်အလယ်တွင်ထမင်းစားသည့်တူချောင်းဖြင့်မြေကြီးကိုထိုးချကာအပေါက်ဖြစ်အောင်လုပ်ပြီးဂွေးတောက်ကိုင်းကိုအဆစ်ပါသည့်ဘက်ကို၁လက်မခန့်ဖော်ထားပြီးအရင်းဘက်ကိုတူချောင်းဖြင့်အပေါက်ဖော်ထားသည့်နေရာတွင်ထိုးထည့်ကာမြေကိုကြပ်နေအောင်ဖိထားပေးပါ ဂွေးတောက်ပျိူးကိုင်းထည့်ပြီးသည့်ပျိူးအိပ်ကိုအရိပ်အောက်တွင်ထားပေးပါ နေ့စဉ်မြေအခြောက်အစိုကိုကြည့်၍ဆေးဖြန်းပုံးဖြင့်ရေလိုသလောက်ဖြန်းပေးပါ ၁၀ရက်ခန့်အကြာတွင်ရွှွက်သစ်များထွက်လာပါမည် အမြစ်များကတလခန့်မှထွက်လာမည်ဖြစ်၍ ၄၅ရက်ကျော်မှမြေချစိုက်သင့်ပါသည် မြေချစိုက်ပျိူးရာတွင်ပင်ခြား၂ပေ တန်းခြား၄ပေခန့်စိုက်ပျိူးသင့်ပါသည် အပင်ကိုတအားမကြီးစေဘဲ ၄ပေအောက်ထားရှိကာ ခြုံဝီုင်းသဖွယ်ဖြစ်အောင်စိုက်ပျိူးယူပါကခူးယူရလွယ်ကူ ပြုစုရလွယ်ကုူမည်ဖြစ်ပါသည်။ လုင်းခမ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။