ဖြေကြားချက် ၁ ခု
ကြက်သွန်နီ စိုက်ရန်အတွက် မျိုးစေ့များကို ပျိုးထောင်ပေးရပါမယ်။ ပျိုးခင်းမြေကို ထယ် တစ်စပ်၊ နှစ်စပ်၊ ထွန်ခြောက်စပ်၊ ရှစ်စပ်ဝင်ပြီးနောက် ပျိုးဘောင်များပြုလုပ်ကာ ပျိုးဘောင်ပေါ်တွင် နွားချေးမှုန့်၊ မြေဆွေးမှုန့်တို့ကို စကာချပြီး သမအောင် ရောမွှေပေးရပါမယ်။ ထို့နောက် မျိုးစေ့များကို ၁ ဧက စိုက်ပျိုးရန် ၁ ပြည်နှုန်းပျိုးထောင်ပေးရပါမယ်။ ပျိုးထောင်သော နေ့မှ စပြီး ရေမှန်မှန်လောင်းပေးပြီး ၁၅ ရက်သား ရောက်သော အခါ ရေ ၁ ရက်ခြားလောင်းပေးရပါမယ်။ ပျိုးပင်များ ၄၅ ရက်သား မှ ရက်ပေါင်း ၆၀ ရသော် ပျိုးနုတ်၍ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါတယ်။ ပျိုးပင်များ တောင့်တင်းအောင် မနှုတ်ခင် ၇ ရက်အလိုတွင် ရေဖြတ်ထားရပါမယ်။ မနှုတ်မီ ၁ ရက်အလိုမှသာ ရေပြန်လောင်းရပါမယ်။ ကိုးကားချက် - သုတေသီ ဆရာငြိမ်း (စားပင်ဟင်းရွက်သီးနှံများ စိုက်ပျိုးနည်း)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဲကြက်သွန်စိုက်ပျိုးနည်းလေး သိပါစေခင်ဗျ
ဖြေကြားချက် 1 ခု
စိုက်ပျိုးနည်းဘယ်လိုစိုက်သလဲ
ဖြေကြားချက် 1 ခု
စိုက်ပျိုးနည်းပြောပေးပါ
ဖြေကြားချက် 2 ခု
အစောဆုံးစိုက်ချင်ပါတယ်ဗျ ဘယ်လလောက်ကြက်သွန်စေ့ကို စပျိူးရမလည်းသိချင်ပါတယ်
ဖြေကြားချက် 3 ခု
ကြက်သွန်နီကို စရိတ်နည်းနည်းနဲ့အထွက်တိုးအောင် ဘယ်လိုမြေအမျိူးအစား ဘယ်လိုစိုက်ပျိုးရမလဲဆိုတဲ့ နည်းပညာသိချင်ပါတယ်
ဖြေကြားချက် 1 ခု