အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
464
လွန်ခဲ့သော ၇ နှစ် က · ရပ်စောက်

အပင်မှာရွက်စားပိုးတွေကျနေပါတယ်ဘယ်လိုနှိမ်နှင်းရမလဲရှင့်

ပိုးမွှားရောဂါ ပြောင်း ပြောင်းFAWငမြှောင်တောင်
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၇ နှစ် က

ငမြှောင်တောင်ပိုး (FAW) ကြိုတင်ကာကွယ်နှိမ်နင်းနည်းလမ်းများ ========= ၁။ စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို ရှင်းလင်းပါ။ ၂။ ကျန်းမာသန်စွမ်း၍ ငမြှောင်တောင်ပိုးဒဏ်ခံနိုင်ရည်ရှိသော မျိုးများအားစိုက်ပါ။ ၃။ စိုက်ပျိုးချိန်နောက်ကျခြင်းကိုရှောင်ပါ။ ၄။ သက်တမ်းတူသောမျိုးများကို စိုက်ချိန်တပြိုင်နက်တည်း စိုက်ပျိုးနိုင်အောင်ကြိုးစားပါ။ ၅။ မီးထောင်ချောက် Light Trap များအသုံးပြုရန်။ ၆။ ပိုတတ်ရှ်မြေသြဇာကို မဖြစ်မနေထည့်ပေးရန်။ ၇။ စိုက်ခင်းအတွင်းရှိ မိတ်ဆွေပိုးများဖြစ်သော ပင့်ကူ၊ ပုဇဉ်း၊ လိပ်ခုံးကျိုင်း၊ ငှက်နှင့် နဂျီအုပ်စုဝင် ကပ်ပါးများ အားထိန်းသိမ်းပေးပါ။ ၈။စိုက်ခင်းကို နှစ်ရက်တစ်ကြိမ်ပုံမှန်စစ်ဆေးပါ။ အသုံးပြုသင့်သောပိုးသတ်ဆေးများ စဉ် ပိုးသတ်ဆေး တစ်ဧကနှုန်းထား ဆေးအာနိသင် ၁။ ကလိုပိုင်ရီဖော့စ် ၂၅၀ စီစီ/ ဧက ထိသေ ၂။ လမ်ဒါဆိုင်ဟေလိုသရင်+အီမာမက်တင်ဘန်ဇိုအိတ် ၁၅၀ ဂရမ်/ဧက ထိသေ/စိမ့်ဖောက် ၃။ ဆိုက်ပါမီသရင်+ကလိုပိုင်ရီဖော့စ် ၅၀၀ စီစီ/ဧက ထိသေ/အဆိပ်ငွေ ၄။ ကလိုရန်ထရန်နီလီပရိုးလ် ၂၅၀စီစီ/ဧက ထိသေ/စိမ့်ဖောက် ၅။ အင်ဒိုဇာကပ် ၁၅၀စီစီ/ဧက ထိသေ ၆။ ပရိုဖီနိုဖော့စ် ၅၀၀စီစီ/ဧက ထိသေ မှတ်ချက်။ ။ ပိုးသတ်ဆေးယဉ်ပါးမှုများမဖြစ်ပေါ်စေရန် မတူညီသောဆေးအုပ်စုများအား အလှည့်ကျသုံးစွဲရန် လိုအပ်ပါသည်။

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၇ နှစ် က

မင်္ဂလာပါ ခင်ဗျာ.. Faw army worm ငမြောင်တောင်ကျတာ ပါ ...

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။