ဖြေကြားချက် ၁ ခု
၁ပတ်ကိုအနည်းဆုံး၁ကြိမ်ရေသွင်းပေးပါ။ပင်ခြေပေါင်းလိုက်ပါ။စပျစ်ပင်ငယ်မြေချပြီး၁၀ရက်အတွင်းသစ်ဖူးထွက်ပြီး၁လအတွင်းကိုင်းတက်လေးများဖျာလာမည်။မဖြတ်တောက်ပဲမွေးပါ။ထို့နောက်အသန်မာဆုံးကိုင်းတက်၁တက်ချန်ပြီးကျန်ကိုင်းအားလုံးဖြတ်တောက်ဖယ်ရှားပစ်ပါ။တိုင်စိုက်သွပ်ကြိုးကိုမြေမှ၂ပေခွဲအကွာ၁တန်း လေးပေခွဲအကွာတွင်ဒုတိယတန်းကိုသွယ်တန်းပါ။စပျစ်ပင်ငယ်များပထမကြိုးတန်းအထက်၃လက်မခန့်အကွာတွင်ကတ်ကြေးဖြင့်ခေါင်နှိမ်ပေးပါ။၁၅ရက်ခန့်ကြာလျှင်ထွက်လာသောကိုင်းတက်များအနက်အထွားဆုံး၃တက်ကိုရွေးပြီးကျန်ဖြတ်တောက်ပါ။၃တက်အနက်၁တက်ကိုဝါးခြမ်းထောင်၍အထက်သွပ်ကြိုးတန်းသို့လွှတ်ပါ။ကျန်ကိုင်း၂ခုကိုဘေးဝဲယာသို့လွှတ်ပါ။ကိုင်းမကြီးအဖြစ်မွေးမည့်ကိုင်းတွင်သားတက်များထပ်ထွက်လာပါက၄လက်မအကွာတွင်၁ကိုင်းကျစီရွေး၍ကျန်အတက်များဖြတ်ပေးပါ။ကိုင်းမကြီးသည်ပင်စည်ဧ။်၃ပေအကွာရောက်သည့်အခါတွင်သီးကိုင်းများထပ်မယူပဲခေါင်နှိမ်ပေးပါ။ဧပြီမိုးဦးနှင့်စက်တင်ဘာမိုးနှောင်းတွင်၁ကြိမ်ကိုင်းဖြတ်ပေးပါ။( သိလိုသည်များကိုအသေးစိတ်ထပ်မံမေးပေးပါ)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကိုယ့်ဆရာတို့ခင်ဗျား ကျွန်တော်တို့ဘိုးဘွားတွေလက်ထက်က စိုက်ပျိုးထားခဲ့တဲ့လိုက်ချီးခြံဟာ နှစ်၆၀ကျော်သက်တမ်းကြာ...
ဖြေကြားချက် 1 ခု
စပျစ်ကိုကျနောတို့မွန်ပြည်နယ်ရေးမြို့နယ်မှာစိုက်ပျိုးလို့ရပါသလား
ဖြေကြားချက် 1 ခု
ခရမ်းချဉ်မှာရွက်ထွင်းတွေအရမ်းကျနေလို့ပါဗျာ ဘာဆေးသုံးရမလဲဖြေကြားပေးပါဗျ
ဖြေကြားချက် 0 ခု
ဇီးယိုလုပ်နည်းလေးတင်ပေးပါလားဗျ
ဖြေကြားချက် 1 ခု
သင်္ဘောပင် အပွင့် အသီးတင်ရန် မည်သို့ဆောင်ရွက်ရပါမည်လည်းခင်ဗျာ
ဖြေကြားချက် 0 ခု