အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အမည်မသိ
လွန်ခဲ့သော ၇ နှစ် က · ကလေး

၁၅ ပတ်လည် မြေသြဇာအိတ်မှာ NPK ဘယ်လောက်ဆီ ပါမလဲ။ အလေးချိန်နဲ့ဆို ဘယ်လောက်ရှိမလဲ။ ဗဟုသုတအနေနဲ့ သိချင်တာပါ။ ဖြေပေးပါ ဆရာတို့

အပင်အာဟာရ ဒန့်သလွန်
1

ဖြေကြားချက် ၁ ခု

ကျော်ဇံ
ကျော်ဇံ 13,605 လွန်ခဲ့သော ၇ နှစ် က

၁၅ပတ်လည် 50Kgတစ်အိတ်မှာ P ဘယ်လောက်ပါမလဲ? K ဘယ်လောက်ပါမလဲ? ************************** 15-15-15(15ပတ္လည္) ဆိုတာက N=15%, P2O5=15%, K2O=15% ပါတဲ့ ကွန်ပေါင်းမြေသြဇာကို ပြောတယ်ဆိုတာ အများစုသိပြီးသားပါ။ P2O5က Phosphorous pentoxldeပါ။ K2Oကေတာ့ Potassium oxideပါ။ ဒီတော့ 50Kgရှိတဲ့ ၁၅ ပတ်လည်ကွန်ပေါင်းတစ်အိတ်မှာ- Nitrogen=7.5Kg P2O5=7.5 Kg K2O=7.5Kg ပါမှာပေါ့။ ဒီအထိရှင်းမှာပါ။ Pနဲ့K ပါဝင်မှုကိုတွက်ကြည့်ရင်----------- P2O5မွာ- Atomic weight ေတြကေတာ့ P=31, O=16 ဆိုတော့ P2=31x2=62 O5=16x5=80 =142 142မှာ P 62ပါတယ်ဆိုတော့ P2O5မှာ Pပါဝင်နှုန်းက 43%ပေါ့။ ဒါကြောင့် P2O5 7.5Kgမှာ Pပါဝင်မှုက 3.2Kgပါ။ အချုပ်အားဖြင့် ၁၅ပတ်လည်(50Kg) တစ်အိတ်မှာ P2O5=7.5 Kgပါဝင်ပြီး Pကတော့ 3.2Kgသာပါမှာပါ။ အလားတူပဲ K2Oဆိုရင္လဲ- K=39, O=16 K2=39x2=78 O = 1x16=16 Total = 78+16=94 စုစုပေါင်း 94မှာ Kပါဝင်မှုက 78ဆိုတော့ %အနေနဲ့ဆိုရင် 83%ပါမှာပါ။ ဒါကြောင့် K2O 7.5Kgမှာ Kပါဝင်မှုက 6.3Kgပါ။ အချုပ်အားဖြင့် ၁၅ပတ်လည် 50Kg တစ်အိတ်မှာ K2O= 7.5Kgပါဝင်ပြီး Kကတော့ 6.3Kgပဲ ပါမှာပါ။ အထက်ပါတွက်ချက်မှုတွေမှာတော့ အခေါ်အဝေါ်တွေ ကိန်းဂဏန်းတွေကို အနီးစပ်ဆုံးတွက်ချက်ဖော်ပြထားတာတွေဖြစ်တဲ့အတွက် လိုအပ်ချက်တွေရှိနိုင်ပါတယ်။ အလြယ္ဆံုးကေတာ့ P2O5 တန်ဖိုးကို 0.436နဲ့မြှောက်ရင် = P တန်ဖိုးရမယ်။ K2O တန်ဖိုးကို 0.83နဲ့မြှောက်ရင် = K တနိဖိုးရမယ်။ နိုင်ငံခြားကလာတဲ့စာအုပ်တွေမှာ တစ်ဟက်တာကို Pဘယ်လောက်ထည့်ပါ Kဘယ်လောက်ထည့်ပါလို့ ညွှန်းလေ့ရှိတာကြောင့် ဒီသဘောတရားလေးကိုသိရင် အတိုင်းအတာ တစ်ခုထိတော့ အသုံးဝင်မှာပါ။ မှတ်ချက်။ ။မှားနေတာတွေရှိရင် ပြင်ပေးကြပါလို့ ခရက်ဒစ် - Ko Sike

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။