အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Hla Phay
U Hla Phay 4,212
လွန်ခဲ့သော ၈ နှစ် က

မင်္ဂလာပါ ကျ​​နော်​ ​ကောက်​ရိုးမှို အ​ကြောင်​းနည်​းနည်​း​လောက်​ ​မေးခွင်​့ပြုပါ ​ကောက်​​ရိုးမှို ပြုလုပ်​မယ်​့ အထဲကို ထည်​့တဲ့ EM ကို ကိုယ်​့ဘာသာ လုပ်​လို့ရပါသလားခင်​ဗျာ ပြီး​တော့ ဘာအတွက်​ အသုံးပြုလည်​း ဆိုတာ ရှင်​းပြ​ပေးပါ ခင်​ဗျာ.

အပင်အာဟာရ ဟင်းသီးဟင်းရွက်

ဖြေကြားချက် ၅ ခု

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

အီးအမ်က မှိုရဲ့ အစာမဟုတ်ပါ။ မှိုစိုက်ဖို့ရာအတွက် အစာ၊ အပူချိန်နဲ့ အမှောင်ရရင် စိုက်လို့ရပါတယ်။ အီးအမ်ထည့်တာ မမြင်ဖူးပါ။

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

Vote up! 0 Vote down! ကောက်ရိုးမှိုကို မြန်မာ၊ထိုင်း၊တရုတ်၊လာအို၊ဗီယက်နမ်၊မလေးရှား၊ဖိလစ်ပိုင် ..စသည့်နိုင်ငံများအပြင် ပါကစ္စတန်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊အာဖရိကတိုက်နဲ့ အမေရိကတိုက်တို့တွင်ပါ စိုက်ပျိုးကြပါတယ်။ ၎င်းနိုင်ငံတို့မှ ပညာရှင်များ၏မှတ်တမ်းများ၊ နည်းပညာစာတမ်းများနှင့် နည်းပညာစာအုပ်များတွင် ကောက်ရိုးမှို စိုက်ရာတွင် EM အား အသုံးပြု၍ ညွှန်းဆိုထားသော မှတ်တမ်း တစုံတရာမတွေ့ရှိရပါ။ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် တိရစ္ဆာန်ချေး ထည့်သွင်းပေးကြခြင်း၏ အကြောင်းရပ်မှာ ၎င်းတွင်မှီခိုနေသော အဏုဇီဝပိုးများမှ ၎င်းနှင့် ကုန်ကြမ်းတွင်ရှိသော ကာဗွန်၊နိုက်ထရိုဂျင် ဒြပ်ပေါင်းများအား စားသုံးချေဖျက်၍ မှိုစားသုံးနိုင်သော protein အဖြစ်ပြောင်းပေးရန်အတွက်ဖြစ်ပါတယ်။၄င်တို့ချေဖျက်စဉ် ထွက်လာသော အပူူဓာတ်သည်လည်း ကောက်ရိုးမှို ကြိုက်နှစ်သက်သော အပူချိန်နှင့် ချိန်ညှိကာ စိုက်ပျိုးကြခြင်းသည် ကောက်ရိုးမှို စိုက်ပျိုးနည်း.. ဖြစ်ပါတယ်။ အဖက်ဖက်မှ သုတေသန လုပ်ငန်းစဉ်များတွင် အားသာချက်ရှိသော ၎င်းနိုင်ငံများမှ ထိုသို့ အညွှန်းတစုံတရာ မတွေ့ရှိရခြင်းသည် စဉ်းစားစရာကောင်းသော အချက်တချက်ဖြစ်ကြောင်းသာဖြေကြားလိုပါတယ်။ EM နှင့်ပါတ်သက်သော အညွှန်းမရှိသကဲ့သို့ပင် EM မွေးမြူရာ၌လည်း နည်းပေါင်းများစွာ ရှိပြီး မိမိတို့ ကောက်ရိုးမှို လုပ်ငန်းရပ်တွင် အထောက်အပံ့ကောင်းဖြစ်မဖြစ်ကို မူ ရှင်းလင်းပြောပြပေးရန် ခက်ခဲသော ကာလဖြစ်ကြောင်းသာ ဖြေကြားပေးပါရစေ။

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့ ကျနော် စာရေးတာ မရှင်းဘူးဖြစ်သွားတယ် ဆိုလိုတာက ကောက်ရိုးမှို စိုက်ပျိုးမယ့် ပျိုးဘောင် ထဲကို ထည့်မည့် EM ကို ဆိုလိုတာပါ

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

'ကောက်ရိုးမှို ပြုလုပ်မည့်အထဲကို ထည့်မည့် EMကို '' ဟု မေးမြန်းလာခြင်းအပေါ် တိကျစွာပြန်လည်ဖြေကြားပေးနိုင်ရန်အတွက် အနည်းငယ်ပြန်လည်ဖြေကြားပေးစေချင်ပါသည်။ ကောက်ရိုးမှိုပြုလုပ်'' ဟူသောစကားစုသည် ကောက်ရိုးမှိုမျိုးပြုလုပ်ခြင်း၊ စိုက်ပျိုးခြင်း၊ (စိုက်ပျိုးခြင်းဖြစ်ပါက မည်သည့် စိုက်စနစ်အသုံးပြုသည်) တို့နှင့် '' ပြုလုပ်မည့်အထဲတွင်ထည်မည့် EM ''ဟုဆိုရာ၌ မေးခွန်းရှင် မေးမြန်းထား/နားလည်ထားသော EM ဆိုသည်အား မိမိတို့ စိုက်ပျိုးမွေးမြူရေးတွင် အသုံးပြုသော effetive microbe ဟုတ်မဟုတ် သိလိုပါသည်။ ထိုအဖြေများရပါက အတတ်နိုင်ဆုံး တိကျပြီး နားလည်အောင် ပြန်လည်ရှင်းပြပေးပါမည်။

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

ကောက်ရိုးမှိုပြုလုပ်တယ်ဆိုတာ စိုက်ပျိုးတာလား မျိုးထုပ်ပြုလုပ်တာပါလား ? EM ကိုယ်တိုင်ပြုလုပ်တယ်ဆိုတာကလည်း ဘယ်လိုပြုလုပ်ထားတဲ့ EM ကို ဆိုလိုပါသလဲ ? EM ကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဖော်စပ်သုံးစွဲကြပါတယ် ။ မှို စိုက်တဲ့နေရာမှာ စိုက်ပုံဘေးပတ်ဝန်းကျင် ပိုးမလာဖို့ EM 5 ကို ကြိုတင်သုံးစွဲကြပါတယ် ပိုးသတ်ဆေး အနေနဲ့မဟုတ်ပါ ပိုးကျနေချိန်ဖြန်းရင် ပိုးကို မနိုင်ပါ ပိုးမလာခင်ဖြန်းမှ အကျိုးရှိတာ တွေ့ရပါတယ်။ အနံ့ဆိုးတွေမရှိတာ တွေ့ပါတယ် ။ ကောက်ရိုးမှိုထွက်ရှိဖို့ မျိုးထုပ်ပြုလုပ်ခြင်း စိုက်ပျိုးတဲ့အခါ သုံးမယ့်ကုန်ကြမ်း နည်းစနစ် ရည်ရွယ်ချက် ပေါ်မူတည်ပြီး EM သုံးစွဲမှု အချိုးအစား မှတ်တမ်း သုတေသန ရလာဒ် အခိုင်အမာ မတွေ့ဘူးသေးပါ။ EM ဖော်စပ်တဲ့အချိုးအစား သုံးစွဲတဲ့ ကုန်ကြမ်း နည်းစနစ်တွေ ဖော်စပ်တဲ့အချိုးအစားတွေကလည်း နိုင်ငံအလိုက် တူညီမှုမရှိတာကို တွေရတာပါတယ်။ ဒါကြောင့် EM ကို မိမိသုံးစွဲလိုတဲ့ရည်ရွယ်ချက် အသုံးချမယ့်နေရာ မူတည်ပြီး ပြောင်းလဲဖော်စပ်သုံးစွဲ ပါ။ ကောက်ရိုးမှို ထွက်ရှိလာဖို့ လိုအပ်ချက် ဘာတွေရှိလဲဆိုတာ နဲ့ ဘယ်နေရာ ဘယ်အဆင့်မှာ သုံးစွဲမှာလဲ ဆိုတာမူတည်ပြီး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဖော်စပ်ထားတဲ့EM က အကျိုးပြုပါမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။