ဒီလိုဖြစ်နေပါ့တယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ မဖြန်းဘူးလို့ အဲ့ဒီဆေး ရှာကြည့်လိုက်ပါအုံးမယ်
15 20
ဖြေပါ
စပါး ပင်ကို ပေါင်သတ်ဆေး ဘယ်အချိမှာ စပတ်ဖျန်း သင့်သလည်း
စပါးဆစ်ပိုးကျရောက်ခြင်းနှင့်အတူ ရွက်လိပ်ရွက်ကပ်ကျရောက်တာပါ စပါးဆစ်ပိုးဟာ စိုက်တဲ့အချိန် မျိုးနဲ့ သူကျလေ့ကျထ ရှိတဲ့နေရာများမှာနှစ်စဉ်ကျရောက်ပါတယ် ပင်ပွားစထွက်ချိန် ကနေ အနှံမထွက်ခင်ထိ ကျနိူင်ပါတယ် သူကိုမနှိမ်နင်းမိရင် စပါးနှံဖြူ များထွက်ပီး အထွက်နူန်းထိခိုက်နိူင်ပါတယ် သူကစပါးပင်ရဲ့ အူတိုင်ထဲကနေ ခြစ်စားတတ်ပါတယ် အထဲမှာဘဲ ရုပ်ဖုံးလုပ်ပီး အရွယ်ရောက်မှ ဖောက်ထွက်တာပါ ဒါကြောင့် အူတိုင်လေးတွေကို ခွဲကြည့်ရပါမယ် အထဲမှာလောက်ကောင်ရှိသေးရင် ဆေးသုံးလို့ရပါတယ် မရှိတော့ရင်တော့ သုံးစရာမလိုပါဘူး နောက်တကြိမ်ထပ်မကျအောင်ဂရုစိုက်ရပါမယ် ဆေးအနေနဲ့ ကာတက်စ် Cartaz အုပ်စု ဆေးများကို ၃ဇွန်းမှ ၄ဇွန်း ရေ၄ဂါလံနဲ့ရောမွှေ ပက်ဖျန်း ပေးနိူင်ပါတယ် ရေလျှော့ပီးမှဖြန်းပါ စိုက်ပျိုးနည်းအားဖြင့် စောစိုက်ခြင်း နောက်ကျစိုက်ခြင်းရှောင်ကျဉ်ရပါမယ် ဘေး အခင်းများနှင့်တပြိုက်နက်စိုက်ပျိုးရင် ကျရောက်မူသက်သာပါတယ် နောက်ပီး ရိုးပြတ်မီးရိူ့ရပါမယ် ကံသင်းမြက်များကိုပါရိူ့ပါ သူ့ရဲ့ဘဝစက်ဝန်းမကျန်အောင်ပါ တအားနှစ်စဉ်ဆိုးလျှင်တော့ မြေခံအားဖြင့် စပါးမစိုက်ခင် တမန်းပြင်ချိန်တွင် ဖြူရာဒန် ၃ထုပ်မှ၄ထုပ်ထိ မြေခံထည့်ပါ ဖြူရာဒန် မရလျှင် ကာတက်စ် အုပ်စု အမူန့်ထုပ်များကို မြေခံ ထည့်စိုက်ပျိုးနိုင်ပါကြောင်း လေးစားစွာဖြင့် ဖြေပေးလိုက်ရပါတယ် ......
အကို ဓာတုကင်းလွတ်ဆေးဖြစ်တဲ့Transformကိုဖြန်းကြည့်ပါလား
ဆက်စပ်မေးခွန်းများ
စပါးဆစ်ပိုးဖြစ်စေတတ်တဲ့လိပ်ပြာကောင်လေးတွေ ဥချထားတာပါလို့ ရေတခွန်တောင်သူပညာပေးအဖွဲမှပြောပါတယ်။ပျိုးခင်းထဲမှာကျ...
ဖြေကြားချက် 5 ခု
စပါးဆစ်ပိုးကိုမည်သို့ကာကွယ်မည်နည်း
ဖြေကြားချက် 1 ခု
စပါးနှစ်စဉ်ပိုးကြီးကျရောက်နေပါသည်
ဖြေကြားချက် 2 ခု
အဖျာတွေချောက်နေလိုး ဘာဆေးသုးရာမာလေ ခင်ဗျ။
ဖြေကြားချက် 2 ခု
ဆစ်ပိုးကာကွယ်ဆေးကို စိုက်ပြီး ဘယ်လောက်ကြာမှ ပက်ဖျန်းရသလဲ။ဈေးကွက်ထဲက စိတ်ချရတဲ့ ဆစ်ပိုးကာကွယ်ဆေး အမျိုးအစားကို...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။