ဖြေကြားချက် ၄ ခု
thanks
ရေပေးပါ ထို့နောက် ယမ်းစီမ်းစိမ်ထားသော ပျိုးစေ့များကို ဖုံးရုံ ပျိုးမြေအုံ၍ အဓို ဓာတ် မနဲလွန်း မများလွန်းစေရန် ရေပေးထားပါ
ပျိုးမြေ ကို အကြမ်းအားဖြင့် စိုက်မြေ တစ်ဆ စပါးခွံဖွဲပြာ တစ်ဆ နောက်ချေးမြေဆွေး တစ်ဆ စိုက်မြေသဲဆန်ပါက စပါးခွံဖွဲ ပြာကို လျှော့ ထည့် ပါ ယင်း သုံးမျိုးအား စကာ တိုက်ချပါ အမိူက် သရိုက်မှား သစ်ရွက်များ မပါစေရန် ထို့နောက် ယင်းစပ်မြေ အား သင့်တင့်သော အစိုဓာတ်ရှိရုံ ပေးပြီး မြေအိုးသို့ ဒယ်ပိုင်းအကြီး ဖြင့် ထည့်၍ အောက်မှ မီးထိုး အပူပေးပါ ပေါ်ဆုံးက မြေကိုလက်ဖြင့် ကိုင်ကြည့်ပါက မကိုင်နိင်တော့သည့် အခြေအနေ. ရောက်ပါက အအေးခံ၍ ပျိုးဘမ်း ပျိုးအိတ်ထဲ ထည့်၍
ရေ တစ်လီတာ လျှင် ပိုတတ်ဆီယမ် နိုက်ထရိတ် (ယမ်းစိမ်း) ၁၀၀ ဂရမ် နူန်းဖြင့် ပျော်အောင်ဖျော်ပြီး အနှီး သင်္ဘော မျိုးစေ့များ အား တစ်နာရီ ..တစ်နာရီခွဲ ခန့် စိမ်ပါ ထို့နောက် ယင်းအစေ့များအား ပျိုးအိတ် သို့ ပျိုးခွက်ထဲ သို့ ထည့်ပျိုးပါ☺☺☺
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သဘော်ပင်က အရွက်တွေ တွန့်နေလို့ပါ ဘာဆေးကြွေးရမလဲခင်ဗျာ
ဖြေကြားချက် 1 ခု
ဒီလိုပုံစံံတွေဖြစ်နေတာဘာဆေးများဖြန်ရင်ပျောက်မလဲဆိုတာအကြံပေးပါလားဗျာ
ဖြေကြားချက် 2 ခု
သင်္ဘောအပင်လေးတွေ ခါးရိပြီး အပင်လေးတွေသေသေသွားတာလဲ သိရင်ဖြေပေးပါ နောက်ပြီးခေါင်ညွန့်လေးတွေလည်းထွတ်နေလို့ခဗျ
ဖြေကြားချက် 0 ခု
သဘောၤ မျိုး အခြေခံက စ ပြီး ဘယ်လိုပျိုးရလည်းခင်ဗျာ
ဖြေကြားချက် 3 ခု
ဆရာတို့ သင်္ဘောပင်စိုက်ပျိုးနည်းလေးပြောပေးကြပါလား
ဖြေကြားချက် 1 ခု