အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Naing Win
U Naing Win 3,596
လွန်ခဲ့သော ၇ နှစ် က · ကလော

ဒီပိုးတွေကိုဘာဆေးနဲ့သုံးမှနိုင်မှာလဲပြောပေးပါဦး။

ပိုးမွှားရောဂါ ငှက်ပျော
Post image
Post image
Post image
Post image
Post image
1

ဖြေကြားချက် ၁ ခု

မေဇင်ထွန်း
မေဇင်ထွန်း အတည်ပြုပြီး 95,064 လွန်ခဲ့သော ၇ နှစ် က

ငှက်ပျော ပင်စည်ထိုးကျိုင်းကောင်းပါ။ အပင်ကြီးမှာကျရင် သီးခါနီးအပင်ဆို သီးကိုင်းမထွက်နိုင်တော့ပါဘူး။ ကာကွယ်နှိမ်နင်းပုံ ၁။ ငှက်ပျောပင်စိုက်ကျင်းတွင် ထည့်သော နွားချေးများသည် ကောင်းမွန်စွာ ဆွေးမြေ့ရမည်။ ၂။ ငှက်ပျောရုံအရင်းတွင် သန့်ရှင်းရေးပြုလုပ်ရမည်။ အထူးသဖြင့် ငှက်ပျောခိုင်ခုတ်ပြီးနောက် အရွက်အလက်ခြောက်များကို ငှက်ပျောရုံခြေရင်း၌ ဖုံးထားတတ်သော အလေ့ကို ပယ်ဖျောက်သင့်သည်။ ၃။ ထိသေစားသေ ပိုးသတ်ဆေးတစ်မျိုးမျိုးကို စိမ်ထားသော ကောက်ရိုးပြတ်စများကို ပင်ခြေရင်း၌ ဖြန့်ခင်းထားသင့်သည်။ ၄။ အပင်ခြေရင်းကို မြေအနည်းငယ်ဆွ၍ အငွေ့ထွက်နိုင်သော ပိုးသတ်ဆေးပက်ဖျန်းကာ မြေဖြင့် ပြန်ဖုံးပေးထားရမည်။ ၅။ အခဲအမျိုးအစား ပိုးသတ်ဆေးကိုလည်း ပင်ခြေရင်း မြေအတွင်း၌ ထည့်ပေးရမည်။ ၆။ သန့်ရှင်းရေးသည် အရေးကြီးသဖြင့် ပင်ခြေရင်းသာမက ခြံတစ်ခုလုံးကို သန့်ရှင်းရေးပြုလုပ်ပေးရမည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။