ဖြေကြားချက် ၁ ခု
မိမိဒေသရဲ့ ဈေးကွက် လိုအပ်ချက်လေ့လာရပါ်မယ်။ စိုကိပျိ ုးသူအရေအတွက်နဲ့ ထွက်ရှိလာမယ့်ပမာဏ တွက်ချက်ရပါမယ်။ တ ကယ်လို့ ထွက်ရှိပမဏ များပြိ ဈေးနှုန်းတွက်ခြေကိုက် အမြတ်မရခဲ့ရင် တန်ဖိုးမြင့်ထုတ်ကုန်ဖြစ်အောင်ပြောင်းလဲနည်း ကြိုတင်ရှာဖွေထားမယ်။့ ကုန်ကျစရိတ် အနည်းဆုံး နည်းစနစ်သုံးပြိး စိုက်မယ်။ ဈေးကွက်လိုအပ်ချက်အများဆုံးအချိန်မှာ အထွက်ကောင်းအောင် အရည်သွေးပြည့်မှိအောင် စိုက်မယ်ဆိုရင် စိုက်ပျိုးရေးက ဝင်ငွေကောင်းပါတယ်။ အခြေခံ စိးပွားရေးသဘောကို လေ့လာတွက်ချက်ပြိး စိုက်ပျိုးပါက ဝင်ငွေကောင်းပြိး တွက်ခြေကိုက်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျွန်းပင်တွေစိုက်ထားတယ် ၁နှစ်ခွဲလောက်ရှိပြီ ပေ၂၀လောက်မြင့်သွားပြီ ဘေးကိုင်းတွေထွက်နေပြီ ဘာတွေဆက်လုပ်ပေးဖို့လို...
ဖြေကြားချက် 1 ခု
ကျနော့်နွေစပါးခင်းမှာဘယ်လိုပေါင်းသတ်ဆေးသုန်းရမလဲခမျ
ဖြေကြားချက် 1 ခု
ဒီပို့မှာ အကြံပြုစာများ ဖြေကြားချင်ပါတယ် answer fail ပြနေပါတယ် ဘယ်လို လုပ်ဆောင်ရပါလည်း
ဖြေကြားချက် 1 ခု
ဝါစိုက်ပျိုးနည်းအကြောင်းသိချင်လို့ပါရှင့်
ဖြေကြားချက် 1 ခု
ကရမက်( နံ့သာညို )အစေ့ကိုအပင်ပေါက်အောင်စိုက်ပျိုးနည်းသိချင်ပါသည်ခင်ဗျား။
ဖြေကြားချက် 0 ခု
ရေပန်းစားသော အကြောင်းအရာများ