အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,026 လွန်ခဲ့သော ၇ နှစ် က

ရိုးရိုးရှင်းရှင်း ကြွက်နှိမ်နင်းနည်း အနောက်အာဖရိကမှ စိုက်ပျိုးရေးကျွမ်းကျင်သူ တစ်ဦးမှ ၄င်းတို့ဌာနေလယ်သမားများ ကြွက်နှိမ် နင်းပုံ အကြောင်းကို ရေးသားခဲ့ဖူးသည်။ မာလီနိုင်ငံမှ အဆိုပါကျွမ်းကျင်သူက သူ့ဥယျာဉ်မှူးသည် တစ်ညအတွင်း ကြွက်အကောင် ၅၀၀ ကို ထောင်ဖမ်းနိုင်ခဲ့သည်ဟု ဆိုပါသည်။ သည်အကြောင်းကို အမေရိကန်ပြည်ထောင်စုရှိ Educational Concerns of Hunger Development (ECHO) အဖွဲ့၏ သတင်းလွှာတွင် ဖေါ်ပြခဲ့သည်။ ယင်းကြွက်ထောင်ချောက်ကို အလွယ်တကူ ပြုလုပ်နိုင်သည်။ ရေ ၂၀ လီတာဆံ့ ရေပုံးတစ်ပုံး လိုအပ် ပါသည်။ ဒန်ပုံးဖြစ်စေ၊ ပလပ်စတစ်ပုံးဖြစ်စေ သုံးနိုင်သည်။ ကျင်းတူးပြီး ပုံးကို ကျင်းထဲ ထည့်ပါ။ ပုံးနှုတ်ခမ်းနှင့် ကျင်းနှုတ်ခမ်းသည် တပြေးညီတည်း ရှိနေစေရမည်။ ထို့နောက် ပုံးနှုတ်ခမ်းနား ၃လက်မ လောက်လိုသည်အထိ ရေဖြည့်ပေးပါ။ ဆန်စေ့၊ ပဲစေ့ စသည်များကို ဖြူးထည့်ပေးပါ။ အဆိုပါ သီးနှံစေ့များသည် ရေပေါ် ပေါလောမျှောနေစေရမည်။ အလားတူ ပုံးနှုတ်ခမ်းနားတစ်ဝိုက် မြေပြင်ပေါ်တွင်လည်း သီးနှံစေ့များ ကြဲပေးထားရမည်။ ညအခါ ထိုသီးနှံစေ့များကို ကြွက်များက လာစားရင်း ပုံးထဲသို့ ပြုတ်ကျတော့သည်။ အကယ်၍ ပုံးမရှိပါက အင်္ဂတေကျင်းဖြင့်လည်း ပြုလုပ်နိုင်သည်။ ရေပေါ် ပေါလောမျောနေလောက် သည့် သီးနှံစေ့များ မရှိဘူးဆိုပါကလည်း အဝတ်စနှစ်စကို တန်း၍ ဖုံးထားပြီး အစနှစ်စဆုံရာတွင် စေ့မနေစေပဲ အပေါက်ကလေး ဖြစ်နေအောင် ဟထားပေးနိုင်သည်။ ထို့နောက် အဝတ်စပေါ်သီးနှံစေ့ အနည်းငယ် ဖြူးထားပေးပါက ကြွက်များ ထောင်ချောက်အတွင်းသို့ ပြုတ်ကျပေးလိမ့်မည်။ စိုင်းစံပွင့် (စိုက်ပျိုးရေး) Ref; လင်းရောင်ခြည် USA 2005-1 / N0. 170

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၇ နှစ် က

အစိမ်းရောင်လမ်းဆော့ဝဲလ် စာအုပ်စဉ် အကြောင်းထဲမှာဝင်ကြည့်နိင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။