ဖြေကြားချက် ၁ ခု
စပါးရွက်ဖုံးပုပ်ရောဂါနှင့် ကာကွယ်နှိမ်နင်းနည်းများ ၁) ရွက်ဖုံးပုတ်ရောဂါသည် မျိုးစေ့ဆောင်ရောဂါဖြစ်သောကြောင့်ရောဂါကင်းသော စိုက်ခင်းမှရသော မျိုးစေ့ကို စိုက်ပါ။ (၂) အင်းဆက်ကျရောက်မှု အနည်းဆုံးဖြစ်အောင် ကာကွယ်ပါ။ ရောဂါဖြစ်မှိုသည် အင်းဆက်ကြောင့်ရသော ဒါဏ်ရာမှတစ်ဆင့် အပင်ထဲသို့ဝင်ရောက်ပြီး ရောဂါဖြစ်စေသောကြောင့်ဖြစ်သည်။ (၃) စပါးရိတ်သိမ်းပြီးလျှင် ရောဂါကျ အပင်အစိတ်အပိုင်းများအား စိုက်ခင်းအတွင်းမှ ဖယ်ရှားပါ။ ၎င်းတို့တွင် မှိုများ ရှင်သန်ခိုအောင်းနေနိုင်ကြသောကြောင့်ဖြစ်သည်။ (၄) ပင်ပွားထွက်ချိန်တွင် ပိုတက်(ရှ) မြေသြဇာ ထည့်ပေးပါ။ (၅) ကယ်လ်စီယမ်ဆာလ်ဖိတ်နှင့် ဇင့်ဆာလ်ဖိတ် တို့ကို အရွက်ပေါ်ဖြန်းပေးပါ။ (၆) ကာဘင်ဒါဇင်၊ အက်ဒီဖန်ဖေါ့(စ) (သို့မဟုတ်) မင်ကိုဇက် စသည့် မှိုသတ်ဆေးများဖြင့် မျိုးစေ့ဆေးစီရင် (လူးနယ်ခြင်း၊ စိမ်ခြင်း) ပြီး စိုက်ပါ။ ဖုံးတုံးလုံးတုံးအဆင့်တွင် အပင်ကိုဖြန်းပေးပါ။ (၇) ရွက်ဖြန်း မှိုသတ်ဆေးများဖြစ်သည့် ဘင်နိုမိုင်းလ်၊ ကော့ပါးအောက်စီကလိုရိုဒ် တို့ဖြင့် ပက်ဖြန်းပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘာရောဂါကျနေပါသလဲ
ဖြေကြားချက် 4 ခု
ဘာရောဖွဈတာလဲဘာဆေးပတျရမလဲ
ဖြေကြားချက် 1 ခု
ဧရာဝတီပေါ်ဆန်း ၃ လသားကျော်ကျော်ပါ။ ဘေးအရွက်တွေ ကောက်ရိုးလိုဖြစ်ကုန်တယ်။ ပင်ပွားတချို့သေကုန်တယ်။ ဘာဖြစ်တာလဲ။ဘယ်...
ဖြေကြားချက် 2 ခု
ဆရာသမားများခင်မျာ။ကျွန်တော်၏စပါးခင်းသည် ပုံပါထဲကအတိုင်း အချို့အရွက်များအဖျားခြောက်ပြီး အချိုးအရွက်များမှာ ဘေး...
ဖြေကြားချက် 12 ခု
အမြစ်လောင်တာမဟုဘူးအမြစ်ပိုးကျတာဆိုပီးနှစ်ပင်ခွဲပြနေလို့သိသလောက်ပြောပြကြပါဦးရတာနဲ့ကုန်တာနဲ့မကိုက်မာမို့
ဖြေကြားချက် 1 ခု