ဖြေကြားချက် ၃ ခု
လိုင်းခွဲပေးပြီးဖြုတ်ဆေးဖျန်းပေးပါဉပမာဆေးအမည်ဟော်ပါစတားတို့ပေါ့ဗျာ
➡ ကာကွယ်နှိမ်နင်းနည်းစနစ်များ မီးရောင်ထောင်ချောက်ကို နေဝင်စအချိန်မှ ည ၈ နာရီ အချိန်ခန့်အထိ ထွန်းညှိပေးခြင်းဖြင့် အတောင်ရှိ အရွယ်ရောက်အကောင်များကို သုတ်သင်ရှင်းလင်း နိုင်သည်။ မီးရောင်ထောင်ချောက်သည် ပြုလုပ်ရန် လွယ်ကူနိုင်သည်ဟုထင်ရသော်လည်း တောင်သူ တစ်ဦးတစ်ယောက်တည်း ပြုလုပ်၍ အဆင်မပြေနိုင်ပါ ဆက်စပ်လျှက်ရှိသည့် စိုက်ကွင်းအနီးနားမှ တောင်သူများစုပေါင်းပြုလုပ်နိုင်မှသာလျှင် ဖြုတ်ပိုးအရေအတွက်ကို သိသိသာသာ လျော့နည်းသွားစေမည်။ စိုက်ခင်းပါတ်လည်ရှိ ပေါင်းပင်များသည် ၎င်းတို့အတွက် ခိုအောင်းရန် လက်ခံပင်များဖြစ်နေသောကြောင့် ရှင်းလင်းထားရမည်။ နွေစပါးမစိုက်သော အကွက်များကို ထယ်ထိုးထားခြင်းဖြင့် ဖြုတ်ပိုးခိုအောင်းရန်နေရာ မရှိသဖြင့် ဖြုတ်ပိုးအရေအတွက် လျော့ပါးစေနိုင်သည်။ ဖြုတ်ပိုးကျရောက်မှု ဆိုးရွားမှသာ ဓာတုပိုးသတ်ဆေးကို အသုံးပြုပါ။ ဓာတုပိုးသတ်ဆေးများကြောင့် သဘာဝကဖန်တီးပေးထားသည့် ၎င်းတို့ကိုစားသောက်သော မျိုးခြားစားသားရဲများပါ သေစေနိုင်သောကြောင့် မလိုအပ်ပဲ အသုံးမပြုသင့်ပါ။ ဓာတုဆေးရွေးချယ် အသုံးပြုမှု မှားယွင်းနေသည်ဖြစ်စေ၊ ဆောင်ရွက်ရာတွင် နည်းစနစ်မကျပါက ဆေးဖိုးဆုံးနိုင်မည့်အပြင် ဖျက်ပိုးများလည်း ဆေးယဉ်ပါးသွားစေနိုင်သည်။ ပိုးမွှားရောဂါဒဏ်ခံနိုင်သော မျိုးများကို ပြောင်းလဲစိုက်ပျိုးပါ။ ဖြုတ်ပိုးကျရောက်သည့်အခါ အရွက်များဝါနေသဖြင့် တောင်သူက အပင်များ နိုက်ထရိုဂျင်ဓာတ် ( ပုလဲ ) လိုအပ်နေသည်ဟုအထင်ဖြင့် N မြေဩဇာအသုံးပြုလိုက်ပါက ဗူးလေးရာ ဖရုံဆင့်သည့် အဖြစ်မျိုး တွေ့ကြုံရပါလိမ့်မည်။ နိုက်ထရိုဂျင်မြေဩဇာ တစ်မျိုးတည်းအသုံးပြုပါက ဖျက်ပိုးကိုဖိတ်ခေါ်နေသကဲ့သို့ ဖြစ်စေနိုင်သည့်အတွက် ရှောင်ရှားသင့်သည်။ ဖြုတ်ပိုးများသည် စိုက်ခင်း တစ်ခင်းမှတစ်ခင်းသို့ လေနှင့်အတူ ပျံ့နှံ့ရောက်ရှိနိုင်သောကြောင့် လေတင်မှ စိုက်ခင်းများကျရောက်နေသည်နှင့် လေအောက်ရှိစိုက်ခင်းများ ကြိုတင်ကာကွယ်မှု ပြုလုပ်ထားရမည်။ စပါးစိုက်လယ်ကွင်းများတွင် ဖြုတ်ညို၊ ဖြုတ်စိမ်းနှင် ဖြုတ်ကျောဖြူများ ကျရောက်သည်နှင့် လေဝင်လေထွက်ကောင်းအောင် ဖန်တီးပေးခြင်း၊ ရေကုန်စင်အောင် ထုတ်ပစ်ခြင်းများ ပြုလုပ်ပေးရမည်။ ပင့်ကူများ၊ လိပ်ခုံးကျိုင်းစသည့် သားရဲကောင်များဖြင့် ဖြုတ်ပိုး အရေအတွက် ထိန်းသိမ်းထားနိုင်သည်။ ၎င်းတို့ မကြိုက်သော ပင်ရည်အရသာမျိုးဖြစ်စေရန် အချဉ်ဖောက်ခြင်းနည်းဖြင့် ပြုလုပ်ရရှိလာသောဖျော်ရည်အမျိုးမျိုးကို ပတ်ဖြန်းပေးခြင်းဖြင့် ဖြုတ်ပိုးကျရောက်မှု သက်သာစေနိုင်သည်။ သဘာဝပိုးသတ်ဆေး အာနိသင်ရှိအပင်များဖြစ်သည့် တမာ၊ ဆေးရွက်ကြီး၊ ဆေးဂန္နာမာနှင့် ဩဇာတို့မှရသော ဆေးများဖြင့်လည်း အထိုက်အလျောက် ကာကွယ်နှိမ်နင်းနိုင်သည်။ အရေးအကြီးဆုံးမှာ ဖြုတ်ပိုးကျရောက်လေ့ရှိသည့် သီးနှံပင်များ၏ ကြံ့ခိုင်သန်စွမ်းမှုရှိမှသာလျှင် ဖြုတ်ပိုးကျရောက်မှု လျော့နည်းစေနိုင်သည်။ ထို့ကြောင့် မိမိစိုက်ပျိုးသော သီးနှံပင်များ၏ အရည်အသွေးကိုသာ အလေးထားစေရန် တိုက်တွန်းနှိုးဆော်အပ်သည်။ Credit: NyanMyint
စပါးမြစ်ကို စုပ်သော ပျများ (Rice root aphids) (note- 16) မြေဆီလွှာ မျက်နှာပြင်အောက် စပါးပင်၏ အမြစ်များတွင် ပျ အကောင်ငယ်များနှင့် အကောင်ကြီးများသည် အုပ်စုလိုက် ကပ်၍ သစ်ရည်ကို စုပ်စားကြသည်။ ပျ များစွာ ကျရောက်ခံရသော စပါးပင်သည် အရောင်ဖျော့တော့သွားခြင်း၊ စပါးရွက်သား ပါးခြင်းများ ဖြစ်တတ်သည်။ ကာကွယ်ကုသရန်မှာ- မြေတွင်းအောင်း ပိုးသတ်ဆေးများဖြစ်သော ကာဘိုဖျူရန် ၃ဂျီ၊ ၅ဂျီ စသည်တို့ကို တစ်ဧကလျှင် ၃-၄ ကီလိုဂရမ် ခန့် အသုံးပြု ကြဲပက်နိုင်သည်။
ဆက်စပ်မေးခွန်းများ
ဖြုတ်နဲံဗျ ကျနေလို့ ဖြေကြားပေးပါ
ဖြေကြားချက် 2 ခု
ဘာဆေးဖြန်ရမလဲ
ဖြေကြားချက် 3 ခု
ဒူပွန့် နဲ့ ဖြုတ်ဆေး အတူတွဲသုံးလို့ရပါသလာ
ဖြေကြားချက် 1 ခု
ဖြုတ်ဆေးနဲ့ပိုးသတ်ဆေးတမျိုးမျိုးရောဖြန်းလို့ရလား
ဖြေကြားချက် 2 ခု
လယ်တွေမှာဖြုတ်ညိုတွေကျနေတယ် ရေထုတ်ထားပေမဲ့အကုန်မထွက်ဘူးဗျဆေးကပိုင်ဒီနဲ့ဆိုင်လာဖျန်းထားတယ်ပြီးတော့မြေဆီကG-21နဲ့...
ဖြေကြားချက် 2 ခု