အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၆ နှစ် က · ကလော

ပဲနီလေး သို့မဟုတ် ပဲရာဇာ စိုက်ပျိုးနည်း နှင့် အထွက်ကောင်းအောင်ပြုစုနည်းသိချင်ပါတယ်။အကြံပေးကြပါ ကျေးဇူးပါ

စိုက်ပျိုး ဗဟုသုတ ပဲပုပ်

ဖြေကြားချက် ၄ ခု

232 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အထွက်ကောင်းရန်အတွက် အပင်၂၁ရက်သားမှပန်းစပွင့်သည့်အချိန်ထိ ငါးအမိုင်နိုအက်စစ် ၂..၃ကြိမ်ဖျန်းပေးပါ။ပန်းစပွင့်သည့်အချိန်မှသီးကင်းဝင်သည့်အချိန်ထိ ပုလဲ*လက်ချား ၃ကြိမ်ခန့်ဖျန်းပေးပါ။(ဆေးဖျန်းပုံးတစ်ပုံးလျှင် ပုလဲ၁၆ဇွန်း..လှော်ပြီးသားလက်ချား ၄ဇွန်း နှုန်းဖျန်းပေးပါ။)

232 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးတင်ပါတယ်ခင်ဗျ

4,234 လွန်ခဲ့သော ၆ နှစ် က

ပဲရာဇာသည် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့၏ ရာသီဥတုနှင့် စိုက်ပျိုးမှု ဖြစ်ထွန်းပါသည်။ အစောပိုင်းပူအိုက်စွတ်စိုမှုကို လိုအပ်၍နောက်ပိုင်းအချိန်တွင် မိုးနှင်းရရှိမှုကို ကြိုက် နှစ်သက်သော သီးနှံအမျိုးအစားဖြစ်ပါသည်။ ပဲရာဇာကို အောက်တိုဘာလ (၁၅) ရက်နေ့မှ နိုဝင်ဘာလ (၁၅) ရက်နေ့အတွင်း စိုက်ပျိုးလေ့ရှိကြပါသည်။ ပဲရာဇာကို စိုက်ပျိုးရာတွင် တန်းကြား (၁.၅) ပေမှ (၂) ပေအထိ အကွာအဝေးထား၍ ပင်ကြားမှာ (၆) လက်မမှ (၈) လက်မထိထား၍ စိုက်ပျိုးပါသည်။ အပင်များရှင်သန်ဖြစ်ထွန်းရန်အတွက် သံထွန်ဖြင့် ကြားလိုက်ခြင်း၊ ပေါင်းသင်းခြင်းများပြုလုပ်ပေးရပါသည်။ ပဲရာဇာကို ဖေဖေါ်ဝါရီလ (၁၅) ရက်မှ မတ်လ (၁၅) ရက်ကာလအတွင်း ရိတ်သိမ်းကြပါသည်။ ရိတ်သိမ်းမှုတွင် ရာသီအပူ၊ အအေးကိုမီ၍ရင့်မှည့်မှုအလိုက် အနည်းငယ်အချိန်ကာလ ကွာခြားတတ် ပါသည်။ ပဲရာဇာ၏အသက်ရက်မှာ (၁ဝဝ) မှ (၁၂ဝ) ရက်ခန့် ရှိပြီး ပွင့်ရက်ကာလမှာ (၄ဝ) မှ (၄၅) ရက်နေ့ခန့်ဖြစ်တတ်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။