အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
530
လွန်ခဲ့သော ၆ နှစ် က · ပင်လောင်း

ကြက်သွန်ဖြူတွေဝါပီးခြောက်လာလို့ပါ တခင်းလုံးကူးနေပါတယ် ရေဖြန်းပီး မန်ကိုဇက် ရာဇီကျင်း cleaner စသည့်ဆေးများဖြန်း...

ကြက်သွန်ဖြူတွေဝါပီးခြောက်လာလို့ပါ တခင်းလုံးကူးနေပါတယ် ရေဖြန်းပီး မန်ကိုဇက် ရာဇီကျင်း cleaner စသည့်ဆေးများဖြန်းပေးပါတယ် မထူးလာလို့ပါ ကူညီပါဦးခင်ဗျ တရက်တခြားဆိုးလာလို့ အမြန်လေးဖြေကြားပေးပါဦးခင်ဗျ

ပိုးမွှားရောဂါ ကြက်သွန်ဖြူ ကြက်သွန်ဖြူအရွက်ဝါခြင်းပြဿာနာ
Post image
Post image
Post image
Post image
6

ဖြေကြားချက် ၆ ခု

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

ရေဖြန်းစနစ်ကလဲ ရောဂါကျရောက်မူကို ပိုမို ဆိုးဝါးစေပါတယိ

79,224 လွန်ခဲ့သော ၆ နှစ် က

​ရေကို မနက်ပိုင်း​နေပွင့်ချိန်​လောက်​လောင်းပြီး ​ဆေးကို ည​နေ၃ နာရီ​လောက် ဖျန်းပါလား အစ်ကို ည​နေ​ရေ​လောင်းချိန်​နောက်ကျရင် ညပိုင်းစိုထိုင်းဆများပြီး ​ရောဂါပြန့်လွယ်လိမ့်မယ်

530 လွန်ခဲ့သော ၆ နှစ် က

ရေဖြန်းပီးတာနဲ့ ဆေးဖြန်းရမာလားဗျ

270,769 လွန်ခဲ့သော ၆ နှစ် က

အရွက်တွေစိုထိုင်းစများရင်ရောဂါပွားမှုနှုန်းကောင်းတဲ့အတွက်ရေဖြန်းတာကိုသတိထားပါ။

530 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ ကျေးဇူးပါဗျ

270,769 လွန်ခဲ့သော ၆ နှစ် က

မှိုရောဂါပျံနှံ့နေတာပါ။ နိုက်ထရိုဂျင်ဓာတ်မြေသဇြာကျွေးနေသေးရင်မကျွေးတော့ပါနဲ့။ ပင်ကြွင်းပင်ကျန်တွေ အမှိုက်သရိုက်တွေကိုဖယ်ရှားပေးပါ။ ဓာတုဆေးတွေအနေနဲ့ azoxystrobin, chlorothalonil,fluopyram +pyrimethanil, boscalid စတဲ့ဆေးတွေကိုအသုံးပြုလို့ရပါတယ်။ ဒီအခင်းကိုရိတ်သိမ်းပြီးရင်တော့ ထယ်နက်နက်ပြန်ထိုးဖို့လိုပါမယ်။ အခင်းရဲ့သန့်ရှင်းရေးကိုလည်းဂရုစိုက်ပါ။ သုံးနှစ်တစ်ကြိမ်သီးလှည့်စိုက်ပျိုးပေးသင့်ပါတယ်။ ဒီရာသီပြီးရင်တော့ တစ်ခြားသီးနှံကိုသီးလှည့်အနေနဲ့စိုက်ပျိုးလိုက်ပါလားရှင့်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။