အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အိုက်စိုင်း
လွန်ခဲ့သော ၆ နှစ် က · ဖြူး

ငါးအမိုင်နိုအက်စစ်အကြောင်းပြည့်ပြည့်စုံစုံလေးတင်ပေးပါအုံးခင်ဗျ

အပင်အာဟာရ နဂါးမောက်
3

ဖြေကြားချက် ၃ ခု

That  Wai  Limn
That Wai Limn 353 လွန်ခဲ့သော ၅ နှစ် က

ပဲအမျိူးမျိူးဖျန်း လိုရလာဗျ

ဇင်ထူးနိုင်
ဇင်ထူးနိုင် 80,504 လွန်ခဲ့သော ၆ နှစ် က

ငါး အမိုင်နို အက်ဆစ် ပြုလုပ်နည်း (Fish Amino Acid - FAA) ဖော်ပြထားတဲ့ လင့်ကိုနှိပ်ပီးတော့လည်း လေ့လာနိုင်ပါတယ်

Moe Myint Sandar
Moe Myint Sandar 7,435 လွန်ခဲ့သော ၆ နှစ် က

Fish Amino Acid ငါးအမိုင်နိုအက်ဆစ်(Faa) ၏အကျိုးကျေးဇူး ******************************* ငါးအမိုင်နို(Faa)သည် သဘာဝငါးဆစ်ဆစ်ကို အခြေခံပြီး ထုပ်လုပ်ထားသော အော်ဂဲနစ် သဘာဝအားဆေးဖြစ်သည့်အတွက် လူနှင့်တိရိစ္ဆာန်တို့တွင် လုံးဝဘေးဥပတ်မဖြစ်ကြောင်း အထူးအာမခံသည် ငါးအမိုင်နို(Faa)တွင် နိုက်ထရိုဂျင် ဖော့စဖရပ် ပိုတက်စီယမ် ဆာလဖာ ကယ်လစီယမ် မဂ္ဂနီစီယမ် တို့အပြင် သံဒြပ် ဇင့်ဒြပ်တို့လည်း အချိုးကျပါဝင်သည့် အတွက် အပင်၏အရိုးအစစ်တို့ကိုသန်မာစေခြင်း နေရောင်ခြည်ဖြင့်အစာချက်လုပ်ရာတွင် အပင်၏စတိုမာတာများကို ပိုမိုကျယ်ပြန့်စေပြီး အစာချက်လုပ်မှု့စွန်းရည်ကိုမြင့်မားစေခြင်း နိုက်ထရိုဂျင် 1.41%ပါဝင်သည်အတွက် အပင်ငယ်များကိုသန်မာကြီးထွားမှုမြန်စေခြင်း ဖော့စဖရပ်1.59%ပါဝင်သည့်အတွက် အဖူးအပွင့်အားကောင်းစေခြင်း ပိုတက်စီယမ်0.185%ပါဝင်ခြင်းကြောင့် အသီးတင်နှုံးမြင့်မားစေခြင်း ကယ်လစီယမ်0.69%ပါဝင်သည်အတွက် အပင်ခါးကျိုးခြင်း စပါးဂုတ်ကျိုးခြင်းတို့ကိုကာကွယ်ပေးသည့်အပြင် အပင်၏အစာရှာမျစ်တို့ကိုပိုမိုရှည်လျှားစေပြီး အစာစားမှု့စွမ်းရည်မြင့်မားစေပါသည် ငါးအမိုင်နို(Faa)ကို မျိုးစေလှုးနယ်ဆေးအဖြစ်အသုံးပြုလျှင် အချိန်တို့အတွင်း အပင်ပေါက်အားကောင်းစေပြီး ရာသီဥတုဒဏ်ဖြက်စီးမှု့ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း အပင်၏အကိုင်းဖြာထွက်မှု့နှင့်အညွန့်အတက်အားကောင်းစေသည့်အပြင် သီးနှံ၏မူလမိခင်မျိုးရင်းအရသာအဟာရကိုပြန်လည်ရရှိစေခြင်း ရှိပြီးအဟာရတို့ကိုပိုမိုကောင်းမွန်စေပါသည်။ မြေဆွေသဘာဝမြေဆွေးပြုလုပ်ရာတွင် ထဲ့သွင်းအသုံးပြုပေးခြင်းဖြင့် ပိုမိုမြန်စန်ဆွေးမြေစေပြီး သဘာဝမြေဆီ အာနိသင်ကိုပိုမိုထက်မြင်စေပါသည်။ ထည်ရေးပြင်ချိန် မြေပြင်ချိန်တွင် ပက်ဖျန်းပေးခြင်းဖြင့် အကျိုးပြုအဏုဇီဝတို့ကိုပိုမို ပွားများရှင်သန်စေပါသည်။ အရွပ်စားသီးနှံပင်ငယ်များအတွက်ဆိုလျှင် တစ်ဧကလျှင် 1လီတာ ရေဂါလံ20ဖြင့်ရောစပ်ပြီး စိုက်ဘောင်တင်ချိန်တွင် မြေခံအဖြစ်အသုံးပြသင့်ပါသည်။ နှစ်ရှည်သက်ကြီးပင်ပင်များ အတွက်ဆိုလျှင် စိုက်ကြင်းပြုလုပ်ချိန်တွင် တစ်ကြင်းလျှင် ဆေးရေ 30ccကိုရေ5ဂါလံဖြင့်ရောပြီးဖျန်းကာ 3ရက်နှပ်ပြီးစိုက်ပျိုးနိုင်သည်။ အသီးစားရက်တိုအပင်များအတွက်တွင် ရေသွင်းတိုင်း တစ်ဧကလျှင် ဆေးရေ100Ccကိုပုံမှန်ထဲ့သွင်းပေးခြင်းဖြင့် သီးနှံအရည်အသွေးကို ပိုမိုမြင့်မားစေပါသည်။ ငါးအမိုင်နို(Faa)သည်မည်သည့် သီးနှံပင်ကိုမဆိုနှစ်ရှည် ရက်တိုသီးနှံပင်အားလုံးတွင် အသုံးပြုနိုင်ပါသည်။ အထူးသတိပြုရန်မှာဆေးရေမများဖို့အရေးကြီးပါသည်။ #credit

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။